ဆည်တော်ကြီးရေလှောင်တမံ

Listing Description

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့အရှေ့ဖက်တွင် တည်ရှိသည်။ ၁၉၈၄ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ပြီး ၁၉၈၉ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည်။ တမံအမြင့် ၉၂.၆၃ ပေ၊ ရေသိုလှောင်ထားနိုင်မှု မမာဏ ၃၆၃၀၀၀ ဧကပေ၊  ကန်ရေပြည့်မှတ် ၄၁၉.၅ ပေရှိသည်။ ရေလှောင်တမံများ တည်ဆောက်ရာတွင် မြစ်ချောင်းများကိုပိတ်၍ တည်ဆောက်ရရာ မြေသားနှင့်ဖို့သော မြေသားတမံ၊ ကွန်ကရစ်ဖြင့်ဆောက်သည့် ကွန်ကရစ်တမံ၊ ကျောက်တုံးများကိုစီပြီး ကွန်ကရစ်မံ၍ဆောက်သည့် ကျောက်သားတမံဟူ၍ အမျိုးအစားသုံးမျိုးရှိရာ ဆည်တော်ကြီးရေလှောင်တမံမှာ ယင်းအမျိုးအစားသုံးမျိုးလုံးကို ပေါင်းစည်း၍ တည်ဆောက်ထားသည့် တမံအမျိုးအစားဖြစ်ပါသည်။