"အရာတော်"

အရာတော်မြို့နယ်သည် ရပ်ကွက် ၃ ရပ်ကွက်၊ ကျေးရွာအုပ်စု ၃၈ စု၊ ကျေးရွာပေါင်း ၁၅၅ ရွာဖြင့် ဖွဲ့စည်းထားပြီး လူဦးရေစုစုပေါင်း ၁၈၀၅၂၀ ဦးခန့်နေထိုင်ပါသည်။ မြို့နယ်ဧရိယာအကျယ်အဝန်း ၄၇၂.၅၀ စတုရန်းမိုင်ရှိပါသည်။ အရာတော်မြို့နယ်၏ အရှေ့ဘက်တွင် ဝက်လက်မြို့နယ်နှင့် စစ်ကိုင်းမြို့နယ်၊ တောင်ဘက်တွင် မြင်းမူမြို့နယ်နှင့် ထိစပ်လျက်ရှိပါသည်။ အနောက် ဘက်တွင်မုံရွာမြို့နယ်နှင့် ထိစပ်လျက်ရှိပြီး မြောက်ဘက်တွင် ဘုတလင်မြို့နယ်၊ ဒီပဲယင်းမြို့နယ်တို့နှင့် နယ်နိမိတ်ထိစပ်လျက်ရှိပါသည်။ မူးမြစ်သည် အရာတော်မြို့နယ်၏ အရှေ့ဘက်ခြမ်းတွင် မြောက်မှတောင်သို့ စီးဆင်းလျက်ရှိပါသည်။

ဒေသသမိုင်းအကျဉ်း

အရာတော်မြို့နယ်တွင် ခြေတော်ရာ၊ သိမ်တော်၊ ကန်တော်၊ တဲတော်ဟူ၍ တော် ၄ တော်ရှိကြောင်း မှတ်သားရပါသည်။ အရာတော်မြို့နယ် တည်ရှိသည့် နေရာတွင် ရဟန်းတော် ခြေရာဟု ယူဆရသည့် ကျောက်ပြားကြီး တွေ့ရှိရပြီး လူအများက ခြေရာတော်အဖြစ်ကိုးကွယ်၍ "အရတော်"လေခြင်းဟု ပြောစမှတ် ပြုရာမှ "အရာတော်" ဟူ၍ လေ့လာသိရှိရပါသည်။

အရာတော်မြို့သည် ၁၈၈၅ ခုနှစ် မတိုင်မီက အလုံစီရင်စု အလုံမြို့ဝန် လက်အောက်၌ရှိခဲ့ရာ ၁၈၈၅ ခုနှစ်၊ နောက်ပိုင်းတွင် အရာတော်မြို့နယ်၊ မြောက်ဘက်ခြမ်းအား ဘုတလင်မြို့နယ် လက်အောက်မှ ကျန်အစိတ်အပိုင်းအား မုံရွာမြို့နယ် လက်အောက်တွင်ထားရှိကာ ၁၉၂၂ခုနှစ် ၊ ရောက်သောအခါမှ သီးခြား မြို့နယ်အဖြစ် ဖွဲ့စည်းခဲ့ကြောင်း လေ့လာတွေ့ရှိရပါသည်။

Attractions in အရာတော်