"တန့်ဆည်"

တန့်ဆည်မြို့နယ်သည် ရပ်ကွက် ၄ ခု၊ ကျေးရွာအုပ်စု ၅၇ စု၊ ကျေးရွာပေါင်း ၂၇၁ ရွာဖြင့် ဖွဲ့စည်းထားပြီး လူဦးရေပေါင်း ၁၈၃၄၈၈ ကျော် နေထိုင်ပါသည်။ မြို့နယ်သည် အရှေ့မှအနောက်သို့ ၃၆ မိုင်နှင့် တောင်မှမြောက်သို့ ၃၁/၅ မိုင် ရှည်လျားပါသည်။ တန့်ဆည်မြို့နယ်၏ အရှေ့ဘက်တွင်ကန့်ဘလူမြို့နယ်၊ တောင်ဘက် တွင် ရေဦးမြို့နယ်၊ အနောက်ဘက်တွင် မင်းကင်း မြို့နယ်နှင့် မြောက်ဘက်တွင် ကျွန်းလှမြို့နယ်တို့နှင့် နယ်နိမိတ်ထိစပ်လျက်ရှိပါသည်။ တန့်ဆည်မြို့နယ်တွင် သစ်တောကြိုးဝိုင်း/ ကြိုးပြင်ဧရိယာ ၁၃၄၇၂၀ ဧကနှင့် တောရိုင်းမြေဧရိယာ ၅၁၁၄၂ ဧကမှလွဲ၍ ကျန်ဒေသ အားလုံး မြေပြန့် လွင်ပြင်ဖြစ်ပါသည်။ တန့်ဆည်မြို့နယ်နှင့်ကန့်ဘလူမြို့နယ်အကြား မူးမြစ်သည် မြောက်မှ တောင်သို့ နယ်နိမိတ်အဖြစ် ဖြတ်သန်းသွားပါသည်။

ဒေသသမိုင်းအကျဉ်း

တန့်ဆည်မြို့နယ်၏ နောက်ခံမြို့နယ်သမိုင်းမှာ ၁၁၁၂ ခုနှစ် ပုဂံ ပြည့်ရှင် အလောင်းစည်သူမင်းကြီး ဖောင်စင်္ကြာဖြင့် လှည့်လည်စဉ် ဖောင် စင်္ကြာရပ်တန့်သွားသဖြင့် ထိုနေရာကို အစွဲပြု၍ တန့်ဆည်ဟုခေါ်တွင်ခဲ့ပါ သည်။ ရှေးကလုံခြုံရေးအရ ကျောင်းကန်ကုန်းရွာ ငွေပန်းကုန်းရွာ၊ လေးရွာကုန်းရွာ၊ ဝင်ကဘာရွာ၊ မရကန်ရွာ၊ တဲကြီးရွာတို့ အပါအဝင် ရွာပေါင်း ၆ ရွာစုစည်း၍ တန့်ဆည်ရွာကြီးအဖြစ် တည်ခဲ့ပါသည်။ မှတ်တမ်းတွင် ၁၇၄၉ ခုနှစ်၌ ဦးပေါ်ဦးကို တန့်ဆည်တွင် မွေးဖွားသည်ဟု တွေ့ရှိရသဖြင့် ပညာရှိအမတ်ကြီး ဦးပေါ်ဦး၏ မွေးရပ်ဇာတိ ဖြစ်သည်။ တန့်ဆည် ရွာကြီးကို ၁၈၃၆ ခုနှစ်တွင် သူကြီးအုပ်ချုပ်ခဲ့ပြီး မြန်မာမင်းများ လက် ထက်၌ မြေဒူးခရိုင်တွင် ပါ၀င်ခဲ့သည်။ ၁၈၈၉ ခုနှစ်တွင် ရေဦးခရိုင်အတွင်း တန့်ဆည်ခရိုင်ရုံးခွဲ စိုက်ခဲ့သည်။ ပါလီမန်ခေတ်တွင် ရေဦးခရိုင်ခွဲ လက်အောက်တွင် ရှိခဲ့သည်။ ပြည်ထဲရေးနှင့် သာသနာရေး၀န်ကြီးဌာန၏ (၁၂- ၁၂-၇၂) ရက်စွဲပါ အမိန်ကြော်ငြာစာအမှတ်၊ ၁၁၁၇ ဖြင့် ၁၉၀၇ခုနှစ်၊ မြို့ပြ အက်ဥပဒေပုဒ်မ(၄)အရ တန့်ဆည်မြို့ဟု ပြင်ဆင်သတ်မှတ်ခဲ့သည်။ ၁၉၇၂ ခုနှစ် ၊ စနစ်သစ်အုပ်ချုပ်ရေးအရ စစ်ကိုင်းတိုင်း၏ မြို့နယ်တစ်ခု အဖြစ် တည်ရှိခဲ့ပါသည်။

Attractions in တန့်ဆည်