"ပန်းဘဲတန်း"

ပန်းတနော်မြို့နယ်သည် ရပ်ကွက် ၁၁ ခုဖြင့် ဖွဲ့စည်းထားပြီး လူဦးရေပေါင်း ၃၀၃၈၂ ကျော်နေထိုင်ပါသည်။ မြို့နယ်သည် အရှေ့မှအနောက်သို့  ၁.၃၇၈ မိုင်နှင့် တောင်မှမြောက်သို့ ၁.၇၇၆ မိုင် ရှည်လျားပါသည်။ ပန်းဘဲတန်းမြို့နယ်၏ အရှေ့ဘက်တွင် ကျောက်တံတားမြို့နယ်၊ တောင်ဘက်တွင် ဆိပ်ကမ်းမြို့နယ်၊ အနောက်ဘက်တွင် လသာမြို့နယ်၊ မြောက်ဘက်တွင် ဒဂုံမြို့နယ်တို့နှင့် နယ်နိမိတ်ထိစပ်လျက်ရှိပါသည်။

ဒေသသမိုင်းအကျဉ်း

ပန်းဘဲတန်းမြို့နယ်သည် ဖဆပလအစိုးရ လက်ထက်တွင် ရန်ကုန် မြို့အလယ်ပိုင်းတိုက်နယ်အတွင်း ပါဝင်ဖွဲ့စည်းခဲ့ပြီး ၁၉၅၈ ခုနှစ်၊ အိမ်စောင့် အစိုးရလက်ထက်တွင် လမ်းမတော်၊ လသာ၊ ပန်းဘဲတန်းမြို့နယ် တို့အား အမှတ်(၆) နယ်မြေဟု သတ်မှတ်ခဲ့ပါသည်။ တော်လှန်ရေးကောင်စီအစိုးရ လက်ထက် (၂-၃-၁၉၆၃) ရက်နေ့ နောက်ပိုင်းတွင် လုံခြုံရေးနှင့် အုပ်ချုပ်ရေးကော်မတီဖွဲ့စည်းရာတွင် ပန်းဘဲတန်းမြို့နယ်ဟု စတင် ပေါ်ထွန်းလာရာ ယခုအချိန်ထိဖြစ်ပါသည်။ ယခင်က ပန်းပဲဖိုများ တည်ရှိခြင်းကို အစွဲပြု၍ ပန်းဘဲတန်းမြို့နယ်ဟု ခေါ်ဆိုခဲ့ခြင်းဖြစ်ပါသည်။

Attractions in ပန်းဘဲတန်း