"လောက်ကိုင်"

လောက်ကိုင်မြို့နယ်သည် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် တည်ရှိပါသည်။ လောက်ကိုင်မြို့နယ်တွင် ရပ်ကွက် ၆ ခု၊ ကျေးရွာအုပ်စု ၈ ခု၊ ကျေးရွာပေါင်း ၁၃၇ ရွာပါဝင်ပြီး လူဦးရေပေါင်း ၇၅၀၀၀ ကျော် နေထိုင်ပါသည်။ လောက်ကိုင်မြို့နယ်သည် အရှေ့မှ အနောက်သို့ ၁၃ မိုင်၊ တောင်မှမြောက်သို့ ၂၃ မိုင် ရှည်လျားပြီး ၃၁၆.၉၆ စတုရန်းမိုင် ကျယ်ဝန်းပါသည်။ လောက်ကိုင်မြို့နယ်သည် အရှေ့ဘက်တွင်ရှိသော  တရုတ်နိုင်ငံနှင့် ထိစပ်မှုမှာ ၂၆ မိုင်၊ တောင်ဘက်တွင်ရှိသော  ကွမ်းလုံမြို့နယ်နှင့် ထိစပ်မှုမှာ ၁၀ မိုင်၊ အနောက်ဘက်ရှိ ကွတ်ခိုင်မြို့နယ်နှင့် ထိစပ်မှုမှာ ၄ မိုင်၊ မြောက်ဘက်တွင်ရှိသော ကုန်းကြမ်းမြို့နယ်နှင့် တရုတ်နိုင်ငံတို့နှင့် ထိစပ်မှုမှာ ၁၂ မိုင် ထိစပ်လျှက်ရှိသည်။ လောက်ကိုင်မြို့နယ်သည် တောင်ကုန်း၊ တောင်တန်းများ၊ လျှိုမြှောင်များ၊ ချောင်းများ ထူထပ်ပေါများပြီး မြေပြန့်ဟူ၍ မရှိသလောက် နည်းပါးသော ဒေသဖြစ်သည်။ ပင်လယ်ရေ မျက်နှာပြင်အထက် ပျမ်းမျှအမြင့် ၃၁၀၀ ပေအထက်တွင် တည်ရှိသည်။ အမြင့်ဆုံးတောင်မှာ လီရင်ရှန်းတောင် (၈၃၁၇ ပေ) ဖြစ်သည်။ လောက်ကိုင်၊ ရန်လုံကျိုင်း၊ ပါစင်ကျော်၊ မန်တုံပါးနှင့် နမ့်ဟူးထန် ဒေသတို့သာ မြေပြန့်လွင်ပြင်များ ဖြစ်သည်။ မြစ်ချောင်းများနည်းပါးပြီး သံလွင်မြစ်သည် မြောက်မှတောင်သို့ စီးဆင်းလျှက်ရှိသည်။ ရှောက်ကိုင်ချောင်းသည် အရှေ့မှ အနောက်သို့ စီးဆင်းပြီး နမ့်ဖာဟော်ချောင်းသည် အနောက်မှအရှေ့သို့ စီးဆင်းလျှက်ရှိသည်။ လောက်ကိုင်မြို့နယ်သည် စီးပွားရေးအသင့်အတင့်ဖွံ့ဖြိုးသော မြို့နယ်ဖြစ်သည်။ ဒေသခံပြည်သူများသည် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြသည်။ အဓိကထွက်ကုန်မှာ ကြံဖြစ်သည်။

Attractions in လောက်ကိုင်