"မင်္ဂလာဒုံ"

မင်္ဂလာဒုံမြို့နယ်သည် သိကြားမင်း၊ မယ်လမုနှင့် ဥက္ကလာပမင်းတို့၏ ရာဇဝင်နှင့် ဆက်နွယ်ပြီး သမင်၏အမည် ‘မင်္ဂလာ’နှင့် တောအရပ် ‘ဒုံ’တို့ ပေါင်းစပ်လျှက် “မင်္ဂလာဒုံ”ဟု ဖြစ်ပေါ်ခဲ့ကြောင်း အရပ်စကားရှိခဲ့ပါသည်။ မင်္ဂလာဒုံမြို့နယ်ကို ရပ်ကွက် ၂၇ ခု၊ ကျေးရွာအုပ်စု ၅ ခု၊ ကျေးရွာပေါင်း ၂၀ ဖြင့် ဖွဲ့စည်းထားရှိပြီး လူဦးရေပေါင်း ၂၆၀၀၀၀ ကျော် နေထိုင်ပါသည်။ မင်္ဂလာဒုံမြို့နယ်သည် အရှေ့မှ အနောက်သို့ ၃.၆၁ မိုင်၊ တောင်မှမြောက်သို့ ၁၁.၅၅ မိုင်ရှည်လျားပြီး ၄၁.၆၉ စတုရန်းမိုင် ကျယ်ဝန်းပါသည်။ အရှေ့ဘက်တွင် လှည်းကူးမြို့နယ်နှင့် မြောက်ဥက္ကလာပမြို့နယ်၊ အနောက်ဘက်တွင် ရွှေပြည်သာမြို့နယ်နှင့် အင်းစိန်မြို့နယ်၊ တောင်ဘက်တွင် မရမ်းကုန်းမြို့နယ်၊ မြောက်ဘက်တွင် မှော်ဘီမြို့နယ်၊ လှည်းကူးမြို့နယ်တို့ တည်ရှိပါသည်။ မင်္ဂလာဒုံမြို့နယ်၏ အနောက်ဘက်တွင် တောင်မှမြောက်သို့ သွယ်တန်းလျှက်ရှိသော ငွေယားတောင်တန်းရှိပြီး အနောက်ဘက်တွင် ရွှေပြည်သာမြို့နယ်အစပ် လှော်ကားကန် တည်ရှိပါသည်။ မင်္ဂလာဒုံမြို့နယ်တွင် မြစ်ချောင်းများ နည်းပါးပြီး ဘားလားချောင်းမှာ မြောက်မှတောင်သို့ ၁၂ မိုင်ခန့်၊ အနောက်မှအရှေ့သို့ ၈ မိုင်ခန့် စီးဆင်းလျှက်ရှိသည်။ ရေစူးမှာ မိုးရာသီတွင် ၁၂ ပေခန့်ရှိသော်လည်း နွေရာသီတွင် ၃ ပေခန့်သာရှိသောကြောင့် သင်္ဘော၊ စက်လှေများ သွားလာ၍မရနိုင်ပါ။ မင်္ဂလာဒုံမြို့နယ်သည် ပင်လယ်ရေ မျက်နှာပြင်အထက် ပျမ်းမျှအမြင့်ပေ ၁၀၀ အကြားတွင် တည်ရှိပါသည်။ မင်္ဂလာဒုံမြို့နယ်သည် ပူအိုက်စွတ်စိုသော ရာသီဥတုရှိပြီး အမြင့်ဆုံးအပူချိန်မှာ ၃၉˚C ဖြစ်သည်။ မင်္ဂလာဒုံမြို့နယ်တွင် ရန်ကုန်စက်မှုဇုန်၊ မင်္ဂလာဒုံစက်မှုဇုန်၊ ပျဉ်းမပင်စက်မှုဇုန်တို့ရှိပြီး စက်မှုအခြေခံသော မြို့နယ်ဖြစ်သည်။ မင်္ဂလာဒုံမြို့နယ်သည် ရန်ကုန်-ပြည်လမ်း၊ အမှတ် ၃ လမ်းမကြီးပေါ်တွင် တည်ရှိ၍ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သော မြို့နယ်တစ်ခုဖြစ်သည်။

Attractions in မင်္ဂလာဒုံ