"ဆွမ်ပရာဘွမ်"

ဆွမ်ပရာဘွမ်မြို့နယ်ကို ရပ်ကွက် ၃ ခု၊ ကျေးရွာအုပ်စု ၃၁ စု၊ ကျေးရွာပေါင်း ၈၅ ရွာဖြင့် ဖွဲ့စည်းထားရှိပြီး လူဦးရေပေါင်း ၉၇၀၀ ကျော် နေထိုင်ပါသည်။ ဆွမ်ပရာဘွမ်မြို့နယ်သည် ၂၂၉၅.၉၁ စတုရန်းမိုင် ကျယ်ဝန်းပါသည်။ မြို့နယ်၏ အရှေ့ဘက်တွင် အင်ဂျန်းယန်၊ အနောက်ဘက်တွင် တနိုင်းမြို့နယ်၊ တောင်ဘက်တွင် မြစ်ကြီးနား၊ မြောက်ဘက်တွင် ပူတာအို၊ မချမ်းဘော့၊ ခေါင်လန်ဖူးမြို့နယ်တို့ တည်ရှိသည်။ မြို့နယ်၏ အနောက်ဘက်ဒေသတွင် ဘွမ်ဖာဘွမ်တောင်တန်း ရှိပြီး မြောက်မှတောင်သို့ သွယ်တန်းလျှက်ရှိကာ တောင်တန်းတောင်စွယ်များ၊ လျှိုမြောင်များ တည်ရှိပါသည်။ အင်ဆိုင်းယန်၊ ဖုန်အင်ယန်၊ မလီယန်နှင့် ခကရန်းယန်တို့တွင်သာ မြေပြန့်အနည်းငယ်ရှိပါသည်။ ဆွမ်ပရာဘွမ်မြို့နယ်သည် မြစ်ချောင်းများ ပေါများသည့်ဒေသဖြစ်ပြီး ထင်ရှားသော ချောင်းများမှာ ဒရူးခချောင်း၊ ဆီနင်ခ (ဇနန်ခ) ချောင်း၊ ဖုန်အင်ခချောင်းနှင့် ဖုန်ကျန်းခချောင်းတို့ ဖြစ်သည်။ ၎င်းချောင်းများသည် အနောက်မှအရှေ့သို့ စီးဆင်းပြီး မလိခမြစ်ထဲသို့ စီးဝင်ပါသည်။ မလိခမြစ်သည် ဆွမ်ပရာဘွမ်မြို့လယ်မှဖြတ်၍ မြောက်မှတောင်သို့ စီးဆင်းလျှက်ရှိပါသည်။ ဆွမ်ပရာဘွမ်မြို့နယ်သည် ပင်လယ်ရေ မျက်နှာပြင်အထက် ပျမ်းမျှ အမြင့်ပေ ၄၆၀၀ ပေ အထက်တွင် တည်ရှိပါသည်။ ဆွမ်ပရာဘွမ်မြို့နယ်တွင် အေးမြသော ရာသီဥတုရှိပြီး အနိမ့်ဆုံးအပူချိန်မှာ ၅˚C ဖြစ်သည်။ ဆွမ်ပရာဘွမ်မြို့နယ်သည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးသော မြို့နယ်တစ်ဖြစ်ပါသည်။ ဒေသခံများသည် တောလိုက်ခြင်း၊ ရွှေ့ပြောင်းတောင်ယာ တစ်ပိုင်တစ်နိုင် စိုက်ပျိုးခြင်း၊ တစ်ပိုင်တစ်နိုင်မွေးမြူရေးကိုသာ လုပ်ကိုင်ကြပါသည်။ လမ်းပန်းဆက်သွယ်ရေးမှာ အနည်းငယ် ခက်ခဲပါသည်။

Attractions in ဆွမ်ပရာဘွမ်