"ပေါက်တော"

ပေါက်တောမြို့နယ်သည် ရပ်ကွက် ၅ ခု၊ ကျေးရွာအုပ်စု ၅၃ စု၊ ကျေးရွာပေါင်း ၁၇၉ ရွာဖြင့် ဖွဲ့စည်းထားပြီး လူဦးရေပေါင်း ၁၉၀၈၄၉ ကျော်နေထိုင်ပါသည်။ မြို့နယ်သည် အရှေ့မှ အနောက်သို့  ၁၉ မိုင်နှင့် တောင်မှမြောက်သို့ ၄၀ မိုင်ရှည်လျားပါသည်။ ပေါက်တောမြို့နယ်၏ အရှေ့ဘက်တွင် မင်းပြားမြို့နယ်၊ တောင်ဘက် တွင် ဘင်္ဂလားပင်လယ်အော်၊ဟင်တာပင်လယ်အော်တို့နှင့် ထိစပ်လျက် ရှိပါသည်။ အနောက်ဘက်တွင် စစ်တွေ မြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တို့နှင့် ထိစပ်လျက်ရှိပြီး မြောက်ဘက်တွင် မြောက်ဦးမြို့နယ်တို့နှင့် နယ်နိမိတ် ထိစပ်လျက်ရှိပါသည်။

ဒေသသမိုင်းအကျဉ်း

ပေါက်တောမြို့နယ်ဟုခေါ်တွင်ရခြင်းမှာ ရမ္မာဝတီမြို့နယ်၊ ဇင်ချောင်း ကျေးရွာမှ ရွာစားကြီး ဦးစံဖြူအောင်နှင့် ဇနီးဒေါ်မိလှမေ မိသားစုတစ်စုသည် ယခု ပေါက်တောမြို့နယ် သရွဲကျေးရွာနေ ဦးမြဖေါ်အောင်၏ ကျွဲ၊ နွား စာကျက်ကွင်းဖြစ်သော ပေါက်တောမြို့ တည်နေရာအား ရခိုင်ငွေသား ဒင်္ဂါး ၃၀ ဖြင့် ဝယ်ယူပြီးကွင်းပြင်တွင် ပေါက်နေသည့် ပေါက်ပင်များအား ခုတ်ထွင်ရှင်းလင်းကာ မြန်မာသက္ကရာဇ် ၁၁၄၆ ခုနှစ်၊ ခရစ်သက္ကရာဇ် ၁၇၈၈ ခုနှစ်တွင် ရွာတည်ပြီး နေထိုင်ခဲ့ကြရာ သရွဲပေါက်တောဟု ခေါ်တွင် ခဲ့ပါသည်။ မြန်မာသက္ကရာဇ် ၁၂၄၈ ခုနှစ်၊ ခရစ်သက္ကရာဇ် ၁၈၈၇ ခုနှစ်သို့ ရောက်ရှိသောအခါ ရခိုင်ပြည်အား အင်္ဂလိပ်သိမ်းပိုက်အုပ်ချုပ်ပြီး သရွဲပေါက်တောသည် ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရာတွင် အချက်အချာကျသည့် ဆိပ်ကမ်းကျေးရွာဖြစ်နေ သောကြောင့် သရွဲပေါက်တော ကျေးရွာအား ပေါက်တောမြို့အဖြစ်သတ်မှတ်ကာ မြို့ပိုင်တစ်ဦးနှင့် ရုံးစိုက်ရာ မြိုအဖြစ် သတ်မှတ်ခဲ့ရာမှ မြန်မာသက္ကရာဇ် ၁၂၅၁ ခုနှစ်၊ ခရစ်သက္ကရာဇ် ၁၈၉၈ ခုနှစ်မှ စတင်၍ ပေါက်တောမြို့ဟုခေါ်တွင်ခဲ့ပါသည်။ ယင်းနောက် ခေတ်အဆက်ဆက် ဖြတ်သန်းလာခဲ့ရာ ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရ၊ ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန၏ (၁၂-၁၂-၇၂) နေ့စွဲပါ စာအမှတ်၊ ၁၀၃၊ ၃၀ စိတ်(၁)ဖြင့် ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာအရ (၁၉၇၂) ခုနှစ်မှစတင်၍ ပေါက်တောမြို့အား(ခ) အဆင့်မြို့နယ်အဖြစ် သတ်မှတ်ခဲ့သည်။

 

Attractions in ပေါက်တော