"ရသေ့တောင်"

ရသေ့တောင်မြို့နယ်သည် မြို့နယ်ဧရိယာအကျယ်အဝန်း ၁.၇၃၄ စတုရန်းမိုင်ရှိပြီး လူဦးရေစုစုပေါင်း ၁၃၉၁၁၁ ဦးခန့်နေထိုင်ပါသည်။ ရသေ့တောင်မြို့နယ်၏ အရှေ့ဘက်တွင်ပုဏ္ဏားကျွန်းမြို့နယ်၊ တောင်ဘက်တွင် စစ်တွေမြို့နယ်နှင့် ထိစပ်လျက်ရှိပါသည်။ အနောက်ဘက်တွင် မောင်တောမြို့နယ်၊ ဘူးသီးတောင်မြို့နယ်တို့နှင့် ထိစပ်လျက်ရှိပြီး မြောက်ဘက်တွင် ဘူးသီးတောင်မြို့နယ်တို့နှင့် နယ်နိမိတ်ထိစပ်လျက် ရှိပါသည်။

ရသေ့တောင်မြို့နယ်သည် မြေပြန့်/ တောင်တန်းများနှင့် မြစ်ချောင်းပေါးများပါသည်။ မေယုမြစ်သည် ဤမြို့နယ်အတွင်း မြောက်မှတောင်သို့ ဖြတ်သန်းလျက် ဘင်္ဂလားပင်လယ်အော်ထဲသို့ စီးဝင်သွားပါသည်။ မြို့နယ်အတွင်းရှိ ရသေ့တောင်ချောင်း၊ င/စံဘော်ချောင်း၊ ငလပြားချောင်း၊ ကုန်တန်းချောင်း၊ စေတီပြင်ချောင်း၊ ကပိုင်ချောင်းတို့မှာ မေယုမြစ် အတွင်းသို့ စီးဝင်သွားပါသည်။

ဒေသသမိုင်းအကျဉ်း

ရသေ့တောင်မြို့သည် ရသေ့ကိန်းအောင်းနေထိုင်ခဲ့သောတောင်ကို အကြောင်းပြု၍ ရသေ့တောင်မြို့ဟုခေါ်ပါသည်။ ရသေ့တောင်မြို့ကို ဗြိတိသျှခေတ်ဦးလက်ထက် ၁၈၆၃ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပါသည်။ စစ်တွေမြို့ နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ဘူးသီးတောင် မြို့နယ်နှင့် မောင်တောမြို့နယ်တို့နှင့် ဆက်စပ်လျှက်ရှိပါသည်။ ၁၉၆၀ ခုနှစ် ဇူလိုင်လ (၂၅)ရက်နေ့မှစ၍ နယ်ခြားခရိုင်အုပ်ချုပ်ရေးအဖြစ် ဘူးသီးတောင်မြို့ နယ်နှင့် မောင်တောမြို့နယ်တို့ကို ပူးပေါင်းသတ်မှတ်လိုက်သောအခါ ၄င်းနယ်နှင့် ဆက်စပ်လျှက်ရှိသည့် မေယုမြစ်ခြားနားသော ကျေးရွာ အုပ်စု(၂၉)အုပ်စုကို နယ်ခြားဒေသအုပ်ချုပ်ရေးနယ်မြေအဖြစ် ထုတ်နုတ် ပေးခဲ့ပါသည်။ ၁၉၇၂-ခုနှစ် စနစ်သစ်အုပ်ချုပ်ရေးစတင်သောအခါ ဘူးသီးတောင်မြို့နယ်နှင့် မောင်တောမြို့နယ်တို့မှ ကျေးရွာအုပ်စုများ ကိုပြန်လည်လွဲပြောင်းပေးခဲ့ပါသည်။ ယခုအခါရပ်ကွက်(၄)ခုနှင့် ကျေးရွာ အုပ်စု(၈၈)ခု၊ စုစုပေါင်းရပ်ကွက်၊ကျေးရွာအုပ်စု(၉၂)အုပ်စု ဖွဲ့စည်းထားပါသည်။ ဗြိတိသျှခေတ်ဦးလက်ထက်က ဤမြို့နယ်သည် စစ်တွေခရိုင်အတွင်းတည်ရှိပြီး နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက် ရေးအဖွဲ့ အစိုးရတက်လာပြီးနောက် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ်တို့ကိုပေါင်းကာ ဘူးသီးတောင်ခရိုင်အတွင်း ထည့်သွင်းခဲ့ပါသည်။ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီလက်ထက်တွင် ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ် နှစ်ခုကိုပူးပေါင်းကာ ဘူးသီးတောင်ခရိုင်အတွင်း ဆက်လက်ထည့် သွင်းခဲ့ပါသည်။ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အားသွန်ခွန် စိုက်ကြိုးပမ်းဆောင်ရွက်လာသောအခါ ဘူးသီးတောင်ခရိုင်ကို ပယ် ဖျက်ပြီး စစ်တွေခရိုင်အတွင်း ပြန်လည်ထည့်သွင်းခဲ့ပါသည်။ ဤမြို့ နယ်အတွင်း အခိုင်အမာအုပ်ချုပ်ခဲ့သော ဘုရင်များမရှိခဲ့သော်လည်း မင်းဘာကြီးသည် အေဒီ-၈၉၃ မှ ၈၉၅ ထိ ယာယီထီးနန်းစိုက်ခဲ့ပါသည်။ ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန၏ (၈-၇-၁၉၇၂) ရက်စွဲပါ စာအမှတ်၊ ၁၀၃ / ၃၀/ စိတ်(၁)ထုတ်ပြန်သည့်အမိန့်ကြော်ငြာစာအရ အတည်ပြုဖွဲ့စည်းခဲ့ပါသည်။

Attractions in ရသေ့တောင်