"ဖျာပုံ"

ပြင်ဦးလွင်မြို့နယ်သည် ရပ်ကွက် ၂၃ ခု၊ ကျေးရွာအုပ်စု ၅၂ စု၊ ကျေးရွာပေါင်း ၂၁၂ ရွာဖြင့် ဖွဲ့စည်းထားပြီး လူဦးရေပေါင်း ၃၀၆၁၀၅ ကျော်နေထိုင်ပါသည်။ အမာမြို့သည် ဖျာပုံမြို့နယ်အတွင်းရှိ မြို့တစ်မြို့ဖြစ်သည်။ ဖျာပုံမြို့နယ်သည် အရှေ့မှအနောက်သို့ ၀.၉၄ မိုင်နှင့် တောင်မှမြောက်သို့ ၃.၃၂ မိုင် ရှည်လျားပြီး မြို့နယ်ဧရိယာအကျယ်အဝန်း ၅၈၇.၃၂၈ စတုရန်းမိုင်ရှိပါသည်။

ဖျာပုံမြို့နယ်၏ အရှေ့ဘက်တွင် ဒေးဒရဲမြို့နယ်၊ တောင်ဘက်တွင် မုတ္တမ ပင်လယ်ကွေ့နှင့် ထိစပ်လျက်ရှိပါသည်။ အနောက်ဘက်တွင် ဘိုကလေးမြို့နယ်နှင့် ထိစပ်လျက်ရှိပြီး မြောက်ဘက် တွင် ကျိုက်လတ် မြို့နယ်တို့နှင့် နယ်နိမိတ်ထိစပ် လျက်ရှိပါသည်။ ဖျာပုံမြို့နယ်၏ မြေမျက်နှာပြင်သည် ပင်လယ်ရေပြင်အထက် ၈.၂ ပေ အမြင့်တွင်တည်ရှိပြီး ဒီရေရောက်သစ်တောနှင့် လယ်မြေများစွာ ရှိပါသည်။

ဖျာပုံမြို့နယ်၏အရှေ့ဘက်တွင် ကျုံကျိုက်ချောင်း၊ သလိပ်ကြီး ချောင်း၊ ခနောင်ချောင်း၊ သဲအိမ်ချောင်း၊ အပြောင်ချောင်း၊ အဖောင်ချောင်းတို့မှာ ဖျာပုံမြစ်၊ ဂုံညင်းတန်းမြစ်နှင့် ဘိုကလေးမြစ် အတွင်းသို့ စီးဆင်းပါသည်။ ဖျာပုံမြစ်သည် တောင်ဘက်တွင် မုတ္တမပင်လယ်ကွေ့ အတွင်းစီးဝင်ကာ ပင်လယ်ရေပြင်သည် ၄ ပေခန့်ကျယ်ဝန်းပြီး သဲသောင်များ ပိတ်ဆို့နေမှုကြောင့် ပင်လယ်ကူး သင်္ဘောများဝင်ထွက်သွား လာမှုမပြု နိုင်ကြောင်းတွေ့ရပါသည်။

ဒေသသမိုင်းအကျဉ်း

ဖျာပုံမြို့နယ်သည် ရှေးမွန်တို့၏ဒေသဖြစ်ပါသည်။ ဖျာပုံဟူသော ပညတ်သည် ဖျာပုင်ဟူသော မွန်ဘာသာစကားမှ ဆင်းသက်လာခြင်း ဖြစ်ပါသည်။ ဖျာပုံဈေး၊ ပုင်မှာ ထမင်းဟုအဓိပ္ပါယ်ရပါသည်။ ထို့ကြောင့် ဖျာပုင်ကို တိုက်ရိုက်အဓိပ္ပါယ်ယူလျှင် ထမင်းဈေးဟူ၍ဖြစ်ပါသည်။ ဖျာပုံတည်ရာဒေသသည် မြစ်နှင့် ချောင်းကြီး၊ ချောင်းငယ်များဆုံရာ၌ တည်ရှိပါသည်။ ချောင်းရိုးအတွင်းပိုင်းမှ မြစ်ရိုး အထက်ပိုင်းသွားလိုသော် ခရီးသည်များသည် ရေတက်ကို စောင့်ရပါသည်။ ရေစောင့်ရင်း ခရီးသွား တို့ပါသော ရိက္ခာများဖြင့် ထမင်းဟင်းချက်ပြုတ် စားသောက် ကြရသော စခန်းတစ်ခုဖြစ်လာပါသည်။ မွန်ဘာသာဖြင့် ဖျာပုင်(ထမင်းဈေး)မှ ဖျာပုံဟူ၍ ဖြစ်ပေါ်လာခြင်းဖြစ်ပါသည်။ ဖျာပုံ အမည်ခံ ဆိပ်ကမ်းချောင်းရှေ့ တွင် ကျွန်းဖြစ်ပေါ်လာပြီး ထိုကျွန်းပေါ်တွင် မွန်လူမျိုး အနည်းငယ် နေထိုင်၍ ယာခုတ်၊ လယ်လုပ်ရာမှစ၍ ကျွန်းမြေ ကျယ်ပြန့်လာပြီး စည်ကားခဲ့ရာ သက္ကရာဇ် ၁၁၄၃ ခုနှစ် (ဘိုးတော်ဦးဝိုင်း) ဗဒုံမင်း လက်ထက်တွင် ရွာကြီးအဖြစ်သတ်မှတ်၍ ဒလခရိုင်အတွင်း ပါဝင်ပြီး ရွာအုပ်ကြီး ဦးဖားမှ အုပ်ချုပ်ခဲ့ပါသည်။ ၁၂၀၈ ခုနှစ်၊ ပုဂံမင်း လက်ထက် တွင် ဦးရွှေပေါ်အား ပဲ့နင်းကြီးအဖြစ်တာ၀န်ပေးအပ်၍ ဖျာပုံ အား ပဲ့နင်းရုံး စိုက်ရာရုံး အဖြစ်သတ်မှတ်ခဲ့ပါသည်။ ၁၂၁၄ ခုနှစ်၊ ဗြိတိသျှလက်အောက်တွင် ရွာအဖြစ်ပြန်လည် ရောက်ရှိသွားပြီး အင်းတေးမြို့အုပ်၊ ကျိုက်လတ်မြို့အုပ် ဦးစန္ဒာမှ အုပ်ချုပ် ခဲ့ပြီးနောက် မြို့နယ်ရုံး၊ ဝန်ထောက်ရုံးများ ရုံးစိုက်ရာမြို့ အဖြစ်သတ်မှတ် ခဲ့ပြီး ပြည်ထဲရေးဝန်ကြီးဌာန၏ (၃၁.၁၀.၁၉၇၂) ရက်စွဲပါစာအမှတ်၊ အခန်း(၂) ၁၀၃/၂၁/စိတ်(၁) ဖြင့် ဖျာပုံမြို့နယ်ကို ဖွဲ့စည်းခဲ့ပါသည်။

Attractions in ဖျာပုံ