"လွိုင်ကော်"

လွိုင်ကော်မြို့နယ်ကို ရပ်ကွက် ၁၉ ရပ်ကွက်၊ ကျေးရွာအုပ်စု ၁၂ အုပ်စု၊ ကျေးရွာပေါင်း ၁၂၂ ရွာဖြင့် ဖွဲ့စည်းထားပါသည်။ မြို့နယ်၏ အကျယ်အဝန်းမှာ ၅၉၈.၀၆ စတုရန်းမိုင် ကျယ်ဝန်းပါသည်။ လွိုင်ကော်မြို့နယ်၏ အရှေ့ဘက်တွင် ရှားတောမြို့နယ်၊ အနောက်ဘက်တွင် ဒီးမော့ဆိုမြို့နယ်၊ တောင်ဘက်တွင် ဘောလခဲမြို့နယ်၊ မြောက်ဘက်တွင် ဖယ်ခုံမြို့နယ်၊ ဆီဆိုင်မြို့နယ်တို့နှင့် နယ်နိမိတ် ထိစပ်နေသည်။ တောတောင်နှင့်သစ်တောများ များပြားပြီး မြေပြန့်လွင်ပြင် နည်းပါးသည်။ ထင်ရှားသောချောင်းများမှာ ဘီလူးချောင်းနှင့် ပွန်ချောင်းတို့ဖြစ်ပြီး ထင်ရှားသောတောင်မှာ သီရိမင်္ဂလာတောင်တောင် (တောင်ကွဲ)ဖြစ်သည်။ ဘီလူးချောင်းသည် အနောက်ဘက်မှအရှေ့ဘက်သို့ စီးဆင်းလျက်ရှိသည်။ ရေအများစုမှာရေချိုဖြစ်သောကြောင့် စိုက်ပျိုးရေနှင့်သောက်သုံးရေအဖြစ် အသုံးပြုပါသည်။ ပင်လယ်ရေမျက်နှာပြင်အထက် ပျမ်းမျှပေ ၂၉၅၀ အထက်တွင် တည်ရှိသည်။ ရာသီဥတုမှာ အေးမြခြောက်သွေ့ပြီး သင့်တင့်မျှတပါသည်။ အမြင့်ဆုံးအပူချိန်မှာ ၃၈.၅ ဒီဂရီစင်တီဂရိတ်ဖြစ်သည်။ လွိုင်ကော်မြို့နယ်တွင် ရပ်ကွက် ၁၉၊ ကျေးရွာအုပ်စု ၁၂၊ ကျေးရွာပေါင်း ၁၂၂ ရွာ ပါဝင်ပြီး စုစုပေါင်း လူဦးရေမှာ ၁၁၈၀၀၀ ကျော် နေထိုင်ကြပါသည်။ စီးပွားရေး အချက်အချာကျသော မြို့နယ်တစ်ခုဖြစ်သည်။ ဒေသခံပြည်သူများသည် စိုက်ပျိုးရေး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းများနှင့် ဝန်ဆောင်မှုလုပ်ငန်း များကို အဓိကလုပ်ကိုင်ကြသည်။ ကုန်းလမ်း၊ ရေလမ်းကြောင်းများဆုံရာ လမ်းမပေါ်တွင် တည်ရှိ၍ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ပါသည်။ လွိုင်ကော်မြို့နယ်မှ တောင်ကွဲစေတီနှင့် လောပိတရေတံခွန်တို့မှာ အထူးထင်ရှားသည်။

Attractions in လွိုင်ကော်