"ဗိုလ်တထောင်"

ဗိုလ်တထောင်မြို့နယ်ရှိ ဗိုလ်တထောင် ဆံတော်ဦးစေတီတော်ကို မြန်မာသက္ကရာဇ် ၁၀၃ ခုနှစ်၊ တပို့တွဲလ၌ တည်ထားကိုးကွယ်ပြီး ဗိုလ်ခြေ (၁၀၀၀) ဖြင့် ခြံရံပင့်ဆောင်တော်မူသည်ကို အစွဲပြု၍ ဗိုလ်တထောင်ဆံတော်ဦး စေတီတော်ဟု သမုတ်ခဲ့ပါသည်။ ဤသည်ကိုအစွဲပြု၍ မြို့နယ်ကိုလည်း ဗိုလ်တထောင်မြို့နယ်ဟု ခေါ်တွင်ခဲ့လေသည်။ ဗိုလ်တထောင်မြို့နယ်ကို ရပ်ကွက် ၁၀ ခုဖြင့် ဖွဲ့စည်းထားပြီး လူဦးရေပေါင်း ၃၉၀၀၀ ကျော် နေထိုင်ပါသည်။ ဗိုလ်တထောင်မြို့နယ်သည် အရှေ့မှအနောက်သို့ ၀.၅ မိုင်၊ တောင်မှမြောက်သို့ ၀.၃ မိုင်ရှည်လျားပြီး ၀.၉၆ စတုရန်းမိုင် ကျယ်ဝန်းပါသည်။ ပင်လယ်ရေ မျက်နှာပြင်အထက် အမြင့်ပေ ၁၄.၅ ပေ အထက်တွင် တည်ရှိသည်။ အရှေ့ဘက်တွင် ဒေါပုံမြို့နယ်၊ တောင်ဘက်တွင် ဆိပ်ကမ်းမြို့နယ်၊ အနောက်ဘက်တွင် ကျောက်တံတားမြို့နယ်၊ မြောက်ဘက်တွင် ပုဇွန်တောင်မြို့နယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တို့နှင့် နယ်နိမိတ် ထိစပ်လျှက်ရှိသည်။ မြို့နယ်၏ အရှေ့ဘက်သည် ရန်ကုန်မြစ်အတွင်းသို့ တိုးဝင်နေသော အငူသဖွယ် တည်ရှိပါသည်။ ဗိုလ်တထောင်မြို့နယ်သည် သင့်တင့်မျှတသော ရာသီဥတုရှိပြီး အမြင့်ဆုံးအပူချိန်မှာ ၃၄.၃˚C ဖြစ်သည်။ ဗိုလ်တထောင်မြို့နယ်သည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုရှိပြီး အခြားဒေသများသို့လည်း ကုန်းလမ်းဖြင့် လွယ်ကူစွာသွားလာနိုင်သောကြောင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ပါသည်။ ဒေသခံပြည်သူများသည် ဝန်ဆောင်မှုလုပ်ငန်းကို အဓိကလုပ်ကိုင်ကြပြီး မြို့နယ်၏ အဓိကထွက်ကုန်မှာ နိုင်ငံရပ်ခြားမှ သွင်းကုန်/ထုတ်ကုန်များအား သယ်ဆောင်ပေးလျှက်ရှိသည်။ ဗိုလ်တထောင်မြို့နယ်မှ ကျိုက်ဒေးအပ် ဆံတော်ဦး စေတီတော်မှာ အထူးထင်ရှားပါသည်။

Attractions in ဗိုလ်တထောင်