"ပြည်ကြီးတံခွန်"

မန္တလေးမြို့ကို မူလ(၄)မြို့နယ်မှ (၅)မြို့နယ်အဖြစ် ပြင်ဆင်သတ်မှတ်ဖွဲစည်းမှုအရ ပြည်ထဲရေးဝန်ကြီးဌာန၏ (၁၀-၁၂-၁၉၉၂) ရက်စွဲပါ အမိန့်ကြော်ငြာစာဖြင့် ပြည်ကြီးတံခွန်မြို့နယ် ပေါ်ပေါက်လာပါသည်။ ပြည်ကြီးတံခွန်မြို့နယ်သည် အရှေ့မှအနောက်သို့ (၂)မိုင်၊ မြောက်မှတောင်သို့ (၄)မိုင် ရှည်လျားပါသည်။ ဧရိယာစတုရန်းမိုင် (၉.၉၉) မိုင်ရှိပြီး ရပ်ကွက် (၁၆) ခုဖြင့် ဖွဲ့စည်းထားပါသည်။ အရှေ့ဘက်တွင် ပုသိမ်ကြီး၊ တောင်ဘက်နှင့် အနောက်ဘက်တွင် အမရပူရ၊ မြောက်ဘက်တွင် ချမ်းမြသာစည်တို့နှင့် နယ်နိမိတ် ထိစပ်လျှက်ရှိပါသည်။ မြစ်ချောင်းနဲပါး၍ ပရံတော်ချောင်းမှာ မြောက်မှတောင်သို့ စီးဆင်းလျှက်ရှိသည်။ ပင်လယ်ရေမျက်နှာပြင်အထက် (၂၅၆) ပေတွင်ရှိပြီး အမြင့်ဆုံးအပူချိန်မှာ (၄၄.၂) ဒီဂရီ စင်တီဂရိတ် ရှိသည်။ စက်မှုဇုံတည်ရှိသော မြို့နယ်ဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သော မြို့နယ်ဖြစ်ပါသည်။ လူဦး‌ရေ (၁၅၀၀၀၀) ကျော် နေထိုင်သော မြို့နယ်တစ်ခု ဖြစ်ပါသည်။

Attractions in ပြည်ကြီးတံခွန်