"တာချီလိတ်"

တာချီလိတ်မြို့နယ်သည် အရှေ့မှအနောက်သို့ ၄.၅၀ မိုင်၊ တောင်မှမြောက်သို့ ၂.၃ မိုင် ရှည်လျားပြီး ၁၃၈၅.၀၉၆ စတုရန်းမိုင် ကျယ်ဝန်းပါသည်။ မြောက်ဘက်တွင် မိုင်းဖြတ်မြို့နယ်နှင့် မိုင်းယောင်းမြို့နယ်၊ အရှေ့ဘက်တွင် လာအိုနိုင်ငံ၊ အရှေ့ဘက်နှင့် အရှေ့တောင်ဘက်တွင် ထိုင်းနိုင်ငံ၊ အနောက်ဘက်တွင် မိုင်းဆတ်ခရိုင်တို့နှင့် နယ်နိမိတ်ချင်း ဆက်စပ်လျှက်ရှိသည်။ တာချီလိတ်မြို့နယ်၏ မြေမျက်နှာသွင်ပြင်အနေအထားမှာ တောင်ခြေလွင်ပြင်အမျိုးအစားဖြစ်ပါသည်။ တာချီလိတ် မြို့နယ်တွင် မြစ်ချောင်းများ ပေါများပြီး မယ်ဟုတ်ချောင်းနှင့် မယ်ခေါင်ချောင်းသည် မယ်ဆိုင်ချောင်းအတွင်း စီးဝင်၍ မြန်မာ - ထိုင်း - လာအို (၃) နိုင်ငံဆုံရာ နေရာတွင် မဲခေါင်မြစ်အတွင်း စီးဝင်သည်။ တာလေမြို့နှင့် ကျိုင်းလပ်မြို့ရှိ နမ့်မွေချောင်း၊ နမ့်လင်းချောင်း၊ ဝမ်လုံချောင်းများသည် မဲခေါင်မြစ်အတွင်း စီးဝင်လျှက်ရှိသော ချောင်းများဖြစ်သည်။ တာချီလိတ် မြို့နယ်သည် ပင်လယ်ရေ မျက်နှာပြင်အထက် အမြင့်ပေ ၁၂၈၅ ပေတွင် တည်ရှိပြီး အမြင့်ဆုံးတောင်မှာ ငွေစေတီတောင် (၁၈၄၂ ပေ) ဖြစ်သည်။ တာချီလိတ်မြို့နယ်သည် အေးသမပိုင်းရာသီဥတုရှိပြီး အနိမ့်ဆုံးအပူချိန်မှာ ၅၅ ဒီကရီဖာရင်ဟိုက် ဖြစ်သည်။ တာချီလိတ်မြို့နယ်တွင် ရပ်ကွက် ၁၈ ခု၊ ကျေးရွာအုပ်စုပေါင်း ၁၃ စု၊ ကျေးရွာပေါင်း ၃၂၀ ပါဝင်ပြီး လူဦးရေပေါင်း ၁၄၀၀၀၀ ကျော် နေထိုင်ကြသည်။ တာချီလိတ်မြို့နယ်သည် စီးပွားရေးဖွံ့ဖြိုးတိုးတက်ပြီး အချက်အချာကျသော နယ်စပ်မြို့ ဖြစ်သည်။ စိုက်ပျိုးရေးလုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်းနှင့် ကုန်သွယ်မှုလုပ်ငန်းများကို အဓိက လုပ်ကိုင်ကြသည်။ အဓိက ထွက်ကုန်မှာ ပဲပုပ်ဖြစ်သည်။ တာချီလိတ်မြို့တွင် လေဆိပ်တစ်ခုလည်း တည်ရှိပါသည်။

Attractions in တာချီလိတ်