"တောင်ငူ"

တောင်ငူမြို့နယ်သည် အရှေ့ဘက်တွင် ပေါင်းလောင်းတောင်နှင့် ဆက်စပ်လျက်ရှိသော တောင်စွယ်တောင်ကုန်းများရှိပြီး အနောက်ဘက်တွင် ပဲခူးရိုးမရှိသဖြင့် အရှေ့နှင့်အနောက်ပိုင်းများမြင့်ပြီး အလယ်သို့ နိမ့်ဆင်းသွားသော မြေမျက်နှာသွင်ပြင် ရှိပါသည်။ စစ်တောင်းမြစ်သည် မြို့အရှေ့ဘက်မှကပ်လျှက် မြောက်မှတောင်သို့ စီးဆင်းလျှက်ရှိသည်။ ပဲခူးရိုးမနှင့် ပေါင်းလောင်းတောင်စွယ် တောင်တန်းများသည် စစ်တောင်းမြစ်နှင့်အပြိုင် မြောက်မှတောင်သို့ သွယ်တန်းလျှက်ရှိပါသည်။ စစ်တောင်းမြစ်အတွင်းသို့ အရှေ့ဘက်မှ ကရင်ချောင်း၊ ကမ်းနီချောင်း၊ သောက်ရေခပ်ချောင်းတို့ စီးဝင်ကြပြီး အနောက်ဘက်မှ ချောင်းဖြူချောင်းနှင့် ခပေါင်းချောင်းတို့ စီးဝင်ကြသည်။ တောင်ငူမြို့နယ်အတွင်း စစ်တောင်းမြစ်၏ စီးဆင်းမှုမှာ မြောက်မှတောင်သို့ (၂၅) မိုင် အရှည်ရှိပါသည်။ တောင်ငူမြို့သည် ပင်လယ်ရေ မျက်နှာပြင် အထက် (၁၆၂) ပေ အမြင့်တွင် တည်ရှိသည်။ ပူအိုက်စိုစွတ်သော ရာသီဥတုဖြစ်ပြီး အမြင့်ဆုံးအပူချိန်မှာ (၄၄) ဒီဂရီစင်တီဂရိတ်ဖြစ်သည်။ တောင်ငူမြို့ကို ကေတုမတီမြို့အပါ ရပ်ကွက်(၇)ခု၊ ကျေးရွာအုပ်စု (၃၇) အုပ်စုနှင့် ကျေးရွာပေါင်း (၂၅၁) ရွာဖြင့် ဖွဲစည်းထားရှိကာ မြို့နယ်တွင်း လူဦးရေ (၂၄၀၀၀၀)ကျော် နေထိုင်လျှက် ရှိပါသည်။ တောင်ငူမြို့နယ်သည် ရန်ကုန်-မန္တလေးလမ်းမပေါ်တွင် တည်ရှိ၍ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သော မြို့နယ်တစ်ခု ဖြစ်ပါသည်။

Attractions in တောင်ငူ