"ကျိုက်လတ်"

ကျိုက်လတ်မြို့နယ်သည် ရပ်ကွက် ၆ ခု၊ ကျေးရွာအုပ်စု ၈၇ စု၊ ကျေးရွာပေါင်း ၄၂၁ ရွာဖြင့် ဖွဲ့စည်းထားပြီး လူဦးရေပေါင်း ၁၉၄၇၆၂ ကျော် နေထိုင်ပါသည်း မြို့နယ်၏အကျယ်အဝန်းမှာ ၂၇၄.၃၁၂ စတုရန်မိုင် ရှိပါသည်။ ကျိုက်လတ်မြို့နယ်၏ အရှေ့ဘက်တွင် ဒေးဒရဲမြို့နယ်နှင့်ကွမ်းခြံကုန်းမြို့နယ်၊ တောင်ဘက်တွင်ဖျာပုံမြို့ နယ်တိုကလေးမြို့နယ်တို့နှင့် ထိစပ်လျက်ရှိပါသည်။ အနောက်ဘက်တွင် မော်လမြိုင်ကျွန်းမြို့နယ် နှင့် ဝါးခယ်မမြို့နယ်၊ မြောက်ဘက်တွင် မအူပင်မြို့နယ်တို့နှင့် ထိစပ်လျက်ရှိပါသည်။ ကျိုက်လတ်မြို့နယ်သည် မြစ်ဝကျွန်းပေါ်ဒေသဖြစ်၍ မြစ်ချောင်းများ၊ အင်းများ ပေါများပြီး မြေနိမ့်မြေပြန့် ဒေသဖြစ်ပါသည်။ မြို့နယ်အတွင်းရှိ ကျိုက်လတ်မြစ်မှာ ရာသီမရွေးသင်္ဘော၊ စက်လှေများ သွားလာနိုင်ပါသည်။

ဒေသသမိုင်းအကျဉ်း

၁၈၄၀ခုနှစ်ခန့်က ဧရာဝတီတိုင်းနှင့်ပဲခူးတိုင်းတို့မှ စစ်ဘေးဒဏ်ကြောင့် ပြောင်းရွှေ့ လာသော မွန်လူမျိုးတို့မှ ယခုကျိုက်လတ်မြို့တည်ရှိရာအရပ်တွင် စတင်အခြေစိုက်၍ ကျေးရွာကြီးအဖြစ်တည် ထောင်ခဲ့ပါသည်။ ရွာ၏အနောက်ဘက် ယခု ၆×၇ ဗိုလ်ချုပ်လမ်းအနီးတွင် မွန်ရွာသူရွာသားများမှ ဉာဏ်တော် ၉ တောင်ရှိ စေတီတစ်ဆူတည်ထားခဲ့ရာတွင် ရေတိုက်စားပြီး မြစ်ကမ်းပါးပြိုကျမှုကြောင့် မွန်ဘာသာဖြင့် ကျိုက်လွိုက် ကျိုက်=ဘုရား၊ လွိုက်=ပြိုလဲခြင်း . ဘုရားပြိုရွာဟုခေါ်တွင်ရာမှ နောင်တွင် ကျိုက်လတ်ဟု အမည်တွင်ခဲ့ပါသည်။ ၁၈၆၁-ခုနှစ်တွင် ကျိုက်လတ်မြို့ အဖြစ်တည်ထောင်ခဲ့၍ ၁၈၈၇ ခုနှစ်တွင် သုံးခွခရိုင်၌ ပါဝင်ခဲ့ပါသည်။ ၁၈၈၂ ခုနှစ်တွင် အင်္ဂလိပ်မြို့အုပ် မစ္စတာမက္ကဆွဲနှင့် အတွင်းရေးမှူး ဦးစိန်ထူးတို့မှ မြို့ကွက်စတင် ပန္နရိုက်၍ မြို့တည်ခဲ့ပါသည်။ ၁၉၀၀ ပြည့်နှစ်တွင် ကျိုက်လတ်မြို့ကော်မတီကိုဖွဲ့စည်း၍ ၁၉၀၅ ခုနှစ်တွင် မြူနီစပါယ်အဖွဲ့ ကို ဖွဲ့စည်း ခဲ့ပါသည်။ ကျိုက်လတ်မြို့အဖြစ် မြူနီစပါယ်နှင့် ဒေသန္တရအဖွဲ့၏ ၂၇-၅-၁၉၀၅ ရက်စွဲပါ အမိန့် ကြော်ငြာစာအမှတ် (၁၉) ဖြင့်သတ်မှတ်ခဲ့ပါသည်။

Attractions in ကျိုက်လတ်