"မိုင်းကိုင်"

မိုင်းကိုင်မြို့နယ်ကို ၃၁၆ ခုနှစ်တွင် ရှမ်းစော်ဘွား ခွန်လုံတိုင်း လက်ထက်မှစ၍ စော်ဘွား ၁၅ ဆက် အုပ်ချုပ်ခဲ့ပြီး ၁၉၆၂ ခုနှစ် စဝ်ခွန်နုံစော်ဘွား လက်ထက်တွင် စော်ဘွားအာဏာ စွန့်လွှတ်ခဲ့ပါသည်။ မိုင်းကိုင်ဆိုသည်မှာ ‘ကြီးကျယ်ခမ်းနားသောမြို့’ဟု အဓိပ္ပာယ် ရပါသည်။ မိုင်းကိုင်မြို့နယ်ကို ရပ်ကွက် ၅ ခု၊ ကျေးရွာအုပ်စု ၂၄ စု၊ ကျေးရွာပေါင်း ၃၅၁ ရွာဖြင့် ဖွဲ့စည်းထားပြီး လူဦးရေပေါင်း ၇၇၀၀၀ ခန့် နေထိုင်ပါသည်။ မိုင်းကိုင်မြို့နယ်သည် ဧရိယာစတုရန်းမိုင်ပေါင်း ၁၄၅၉.၁၇ မိုင် ကျယ်ဝန်းပါသည်။ ပင်လယ်ရေ မျက်နှာပြင်အထက် ၃၄၅၁ ပေ တွင် တည်ရှိပါသည်။ အရှေ့ဘက်တွင် ကျေးသီးမြို့နယ်၊ အနောက်ဘက်တွင် ရပ်စောက်မြို့နယ်၊ တောင်ဘက်တွင် ဟိုပုံးမြို့နယ်နှင့် လဲချားမြို့နယ်၊ မြောက်ဘက်တွင် သီပေါမြို့နယ်တို့ တည်ရှိပါသည်။ မြို့နယ်၏ အနောက်ဘက်တွင် ဆင်တောင်တန်း (၈၁၇၃ပေ)၊ အလယ်ပိုင်းတွင် နမ့်တိန်းချောင်း၊ အရှေ့ဘက်တွင် ကုန်းကမူများ၊ တောင်ဘက်နှင့်မြောက်ဘက်တွင် တောတောင်များ ထူထပ်စွာ ရှိပါသည်။ မိုင်းကိုင်မြို့နယ်တွင် မြစ်ချောင်းများ နည်းပါးပြီး နမ့်တိန်းချောင်းသည် ထင်ရှားပါသည်။ ချောင်းများသည် မြို့အား ကွေ့ပတ် စီးဆင်းလျှက်ရှိသည်။ အမြင့်ဆုံးတောင်မှာ ဆင်တောင် (၈၁၇၃ပေ) ဖြစ်ပါသည်။ မိုင်းကိုင်မြို့နယ်သည် နွေးသမရာသီဥတုရှိပြီး အမြင့်ဆုံး အပူချိန်မှာ ၃၆˚C ဖြစ်သည်။ မိုင်းကိုင်မြို့နယ်သည် စီးပွားရေး အချက်အချာကျပြီး လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ပါသည်။ ဒေသခံပြည်သူများသည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြပြီး အဓိကထွက်ကုန်မှာ ဆန်စပါး ဖြစ်ပါသည်။

Attractions in မိုင်းကိုင်