"ကောလင်း"

ကောလင်းမြို့နယ်သည် ရပ်ကွက် ၈ ခု၊ ကျေးရွာအုပ်စု ၄၆ စု၊ ကျေးရွာပေါင်း ၂၀၂ ရွာဖြင့် ဖွဲ့စည်းထားပြီး လူဦးရေပေါင်း ၁၅၁၉၅၉ ကျော် နေထိုင်ပါသည်။ မြို့နယ်၏ အကျယ် အ၀န်းမှာတောင်နှင့်မြောက် ၁၄ မိုင်၊ အရှေ့နှင့်အနောက် ၄၀. ၅၆၆ မိုင်ရှိပါသည်။ ကောလင်းမြို့နယ်သည် အရှေ့ဘက်တွင် ထီးချိုင့်မြို့နယ်၊ တောင်ဘက်တွင် ကန့်ဘလူမြို့နယ်၊ အနောက်ဘက်တွင် ကျွန်းလှမြို့နယ်တို့နှင့် ထိစပ်လျက်ရှိပြီး မြောက်ဘက်တွင်ဝန်းသိုမြို့နယ်တို့နှင့်နယ်နိမိတ် ထိစပ်လျှက်ရှိပါသည်။ မြို့နယ်အတွင်း ထင်ရှားသောချောင်းမှာ ဒေါင်းမြူးချောင်းဖြစ်ပြီး မြို့အနီးမှ မြောက်မှတောင်သို့ ဖြတ်သန်းစီးဆင်းလျက်ရှိသည်။

ဒေသသမိုင်းအကျဉ်း

သာလွန်မင်းတရားကြီး လက်ထက် မြန်မာသက္ကရာဇ် ၉၀၁ ခုနှစ်ခန့်တွင်ဝန်းသို စော်ဘွားစောအင်ခန်းတည်ထောင် ခဲ့သော မြို့ တစ်မြို့ဖြစ်ကြောင်း မှတ်သားရပါသည်။ ကောလင်းမြို့ အမည်သည် ပါဠိဘာသာ“ကုလင်ဂနဂရ” မှဆင်းသက်လာပြီး ကုလ= အမျိုး၊ အင်္ဂ= အညွှန့်အရွက်များ၊ င်္ဂ= အမျိုး၏ အညွှန့်အရွက်များဟု အဓိပ္ပါယ် ရပြီး အမျိုးအနွယ်အညွှန့်အရွက်များတည်ရှိရာမြို့ဟု အဓိပ္ပါယ်ရကြောင်းမှတ်သားရပါသည်။ ကောလင်းမြို့ဟောင်းနေရာမှာ ယခုမြို့ တည်နေရာ၏ အနောက်ဖက် (၁) မိုင်ခန့် အကွာတွင်ရှိသော ရွာမရွာနေရာဖြစ်ပါသည်။ ကုန်းဘောင်ခေတ်နောင်းပိုင်း ရတနာပုံသီပေါဘုရင်လက်ထက်တွင် ကောလင်းမြို့စားမှာ နာမည်ကျော် ရွှေလှံဗိုလ် ဖြစ်ပါသည်။ မြို့စားရွှေလှံဗိုလ်ကိုဂုဏ်ပြုသောအားဖြင့် ရွာမရွာအနီးရှိချောင်းကို ရွှေလှံချောင်းဟုခေါ်ဆိုကြသည်။ မြို့ဝန်စံခဲ့သောနေရာကို စံတော်ရာကုန်းဟု ခေါ်ဆိုကြရာမှ ယခုအခါ စန္ဒရာကုန်းဟု ခေါ်ဆိုကြသည်။ မြန်မာဘုရင်များအုပ်ချုပ်စဉ်က. ကောလင်းမြို့တွင် တောင်အင်းရွာ၊ မြောက်အင်းရွာ၊ ရှမ်းကုန်းရွာ၊ ခံသာကုန်းရွာ(အောင်သီရိ) ဟူ၍ ပိုင်းခြားအုပ်ချုပ်ခဲ့ကြောင်း သိရပါသည်။ သီပေါမင်းပါတော်မူပြီးနောက် ၀န်းသိုစော်ဘွားဦးအောင်မြတ်နှင့် ကောလင်း၀န်မင်း ဦးကာတေတို့ကောလင်းမြို့ စံတော်ရာတွင် ကျောက်ကြမ်းတောင်၊ ပုဂံတောင်တို့တွင် ခံတပ်ပြုလုပ်ပြီး တိုင်းရင်းသား ရှမ်း၊ ကဒူး၊ ကဏန်းတို့နှင့် ပူးပေါင်း၍ နယ်ချဲ့ကိုတော်လှန်ခဲ့ကြသည်။ ကျောက်ကြမ်းတောင် တိုက်ပွဲတွင် အင်္ဂလိပ်စစ်တပ်မှ စစ်ဗိုလ်ကာနယ်ဟတ်ဂျွန်ဆန် ကျဆုံးခဲ့ရာ ရွာမကျေးရွာအနီးတွင် ယင်းစစ်ဗိုလ်၏အုတ်ဂူသင်္ချိုင်း ယနေ့တိုင် တည်ရှိပါသည်။

Attractions in ကောလင်း