"သာကေတ"

သာကေတမြို့နယ်သည် ရပ်ကွက် ၁၉ ရပ်ကွက်ဖြင့် ဖွဲ့စည်းထားကာ မြို့နယ်ဧရိယာအကျယ်အဝန်း ၄.၉၃ စတုရန်းမိုင်ရှိပြီး လူဦးရေ ၂၁၅၆၉၆ ခန့်နေထိုင်ပါသည်။ သာကေတမြို့နယ်၏ အရှေ့ဘက်တွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်၊ အရှေ့မြောက်ဘက်တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)၊ အနောက်ဘက် နှင့်တောင်ဘက်တွင် ဒေါပုံမြို့နယ်နှင့် မြောက်ဘက်တွင် သင်္ဃန်းကျွန်း မြို့နယ်တို့နှင့်ထိစပ်လျက်ရှိပါသည်။

သာကေတမြို့နယ်သည် ကျွန်းဆွယ်ပေါ်တွင် တည်ရှိသော မြို့နယ်ဖြစ်ပြီး ပြန့်ပြူးညီညာသော မြေမျက်နှာသွင်ပြင်ဖြစ်၍ မြေအမျိုးအစားမှာ နုံးတင်မြေနု အမျိုးအစားဖြစ်ပါသည်။

သာကေတမြို့နယ်သည် မြစ်ချောင်းများနှင့် ဝိုင်းရံလျက်ရှိသော မြို့နယ်ဖြစ်ပြီး၊ မြစ်ချောင်းများသည် အနောက်မှ အရှေ့သို့ စီးဆင်းလျက်ရှိပါသည်။ ထင်ရှားသော မြစ်ချောင်းများမှာ အရှေ့ဘက်တွင် ပဲခူးမြစ်၊ မြောက်ဘက်တွင် ငမိုးရိပ်ချောင်း၊ တောင်ဘက်နှင့် အနောက်ဘက်တို့တွင် ပုဇွန်တောင်ချောင်းတို့ စီးဆင်းလျက်ရှိပါသည်။

ဒေသသမိုင်းအကျဉ်း

၁၉၅၈ ခုနှစ်တွင် ရန်ကုန်မြို့တွင်းရှိ ကျူးကျော်နေထိုင် သူများကို သာကေတမြို့သစ်တည်၍ အတည်တကျနေရာ ချထားပေးခဲ့ရာ သာကေတမြို့သည် ပုဇွန်တောင်ချောင်းနှင့် ငမိုးရိပ်ချောင်းဆုံရာ ရန်ကုန်မြို့၏ အရှေ့ဘက်ကျွန်းဆွယ်ပေါ်တွင် တည်ထောင်ခဲ့ခြင်း ဖြစ်ပါသည်။

Attractions in သာကေတ