"မြဝတီ"

မြဝတီမြို့နယ်ကို ရပ်ကွက် ၁၀၊ ကျေးရွာအုပ်စု ၁၇၊ ကျေးရွာပေါင်း ၅၇ရွာဖြင့် ဖွဲ့စည်းထားပြီး စုစုပေါင်းလူဦးရေမှာ ၁၃၉၀၀၀ ကျော် နေထိုင်ကြသည်။ မြဝတီမြို့နယ်၏အကျယ်အဝန်းမှာ ၁၂၁၀.၈၅၆ ဧရိယာ စတုရန်းမိုင် ကျယ်ဝန်းသည်။ အရှေ့မှအနောက်သို့ ၃၁ မိုင်ရှိပြီး၊ တောင်မှမြောက်သို့ ၇၃ မိုင်ရှည်လျားသည်။ မြဝတီမြို့နယ်၏ အရှေ့ဘက်တွင် ထိုင်းနိုင်ငံ၊ အနောက်ဘက်တွင် ကော့ကရိတ် မြို့နယ်၊ တောင်ဘက်တွင် ကြာအင်းဆိပ်ကြီးမြို့နယ်၊ မြောက်ဘက်တွင် လှိုင်းဘွဲ့မြို့နယ်များနှင့် နယ်နိမိတ် ထိစပ်နေသည်။ ထိုင်းနိုင်ငံနှင့် နယ်နိမိတ်ထိစပ်မှုမှာ ကုန်ကြောင်း ၆၈ မိုင်၊ ရေကြောင်း ၁၁၈ မိုင် ဖြစ်ပါသည်။ တောင်ကုန်းတောင်တန်းများ ထူထပ်ပေါများသည်။ မြဝတီမြို့အနီးမှ ဖြတ်သန်းစီးဆင်းသော သောင်ရင်းမြစ်ကို နိုင်ငံနယ်နိမိတ်အဖြစ် သတ်မှတ်ထားရှိသည်။ မြစ်ချောင်းများနည်းပါးပြီး မြစ်ချောင်းများသည် တောင်မှမြောက်သို့ စီးဆင်းလျက်ရှိပါသည်။ မြို့နယ်အတွင်းရှိ မြစ်ချောင်းများမှာ သောင်ရင်းမြစ်၊ မဲကနယ်ချောင်း၊ မဲပလဲ့ချောင်း၊ သင်္ကန်းညီနောင်ချောင်းတို့ဖြစ်ကြသည်။ ၎င်းမြစ်ချောင်းများမှာ ရေချိုများဖြစ်သော်လည်း စိုက်ပျိုးရေး အတွက်သာ အသုံးပြုနိုင်သည်။ သောင်ရင်းမြစ်သည် နွေရာသီတွင် ရေအနက် ၄ ပေခန့်သာရှိ၍ စက်လှေများသာ သွားလာနိုင်သည်။ ပင်လယ်ရေမျက်နှာပြင်အထက် ပျမ်းမျှ ပေ ၆၅၀ အထက်တွင် တည်ရှိသည်။ အမြင့်ဆုံးတောင်မှာ ဒေါနတောင် (၃၇၁၇ပေ) ဖြစ်သည်။ ပူအိုက်စွတ်စိုသော ရာသီဥတုရှိပြီး အမြင့်ဆုံးအပူချိန်မှာ ၄၀ ဒီကရီ စင်တီဂရိတ်ဖြစ်သည်။ စီးပွားရေး အချက်အချာကျသော နယ်စပ်မြို့တစ်မြို့ဖြစ်သည်။ ဒေသခံပြည်သူများသည် စိုက်ပျိုးရေးကို အဓိက လုပ်ကိုင်ကြသည်။ ကုန်းလမ်းဆုံရာ လမ်းမပေါ်တွင် တည်ရှိသောကြောင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သည်။ အဓိကထွက်ကုန်မှာ ဆန်စပါး၊ ပဲတီစိမ်း၊ အစေ့ထုတ်ပြောင်းတို့ဖြစ်ပြီး ထိုင်းနိုင်ငံသို့ အများဆုံးတင်ပို့ရောင်းချသည်။ မြဝတီမြို့နယ်မှ မိချောင်းကုန်းကျောင်းတိုက်မှာ ထူးခြားသည်။

Attractions in မြဝတီ