"သရက်"

သရက်မြို့နယ်ကို ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန၏ (၃၀.၈.၁၉၇၂) ရက်စွဲပါ အမိန့်ကြော်ငြာစာအရ ဖွဲ့စည်း အတည်ပြုထားသော မြို့ဖြစ်ပြီး ရပ်ကွက် ၈ ခု၊ ကျေးရွာအုပ်စု ၅၃ စု၊ ကျေးရွာပေါင်း ၁၅၈ ရွာပါဝင်ပြီး လူဦးရေပေါင်း ၁၀၄၀၀၀ ကျော် နေထိုင်သည်။ အရှေ့ဘက်တွင် အောင်လံမြို့နယ်၊ အနောက်ဘက်တွင် မင်းတုန်းမြို့နယ်၊ တောင်ဘက်တွင် ကံမမြို့နယ်၊ မြောက်ဘက်တွင် မင်းလှမြို့နယ်၊ ဆင်ပေါင်ဝဲမြို့နယ်တို့နှင့် နယ်နိမိတ် ဆက်စပ်လျှက်ရှိသည်။ မြို့နယ်၏ ဧရိယာမှာ ၄၅၈.၉၅ စတုရန်းမိုင် ကျယ်ဝန်းသည်။ မြို့ကွက်ဧရိယာသာ မြေပြန့်ဖြစ်ပြီး ကျန်ဒေသများမှာ တောင်ကုန်း၊ တောင်တန်းများဖြစ်သည်။ ထင်ရှားသော တောင်များမှာ ထုံးတောင်၊ ကဝေတောင်၊ ငွေသင်ပုန်းတောင်၊ ဇာလီတောင်၊ မြင်ဘာတောင်တို့ဖြစ်သည်။ လယ်မြေများမှာ ရွှံ့စေးမြေအမျိုးအစားဖြစ်သည်။ အရှေ့ဘက်တွင် ဧရာဝတီမြစ်၊ အနောက်ဘက်တွင် ပွန်းချောင်း၊ ပနီချောင်း၊ တောင်ဘက်တွင် မထုံးချောင်းတို့ စီးဆင်းလျှက်ရှိသည်။ ဧရာဝတီမြစ်သည် မြောက်မှတောင်သို့ စီးဆင်းလျှက်ရှိပြီး ဒေသတွင်းရှိ မြစ်ချောင်းများမှာ ရေချိုများဖြစ်၍ စိုက်ပျိုးရေ၊ သောက်သုံးရေအဖြစ် အသုံးပြုနိုင်သည်။ ပင်လယ်ရေမျက်နှာပြင်အထက် ၁၁၉.၂၉၆ ပေတွင် တည်ရှိသည်။ မြင်ဘာတောင် (၁၆၆၈ပေ) သည် အမြင့်ဆုံးတောင်ဖြစ်သည်။ မိုးနည်းရပ်ဝန်းဒေသဖြစ်သောကြောင့် တစ်နှစ်ပတ်လုံးပူနွေးလျက်ရှိသည်။ အမြင့်ဆုံးအပူချိန်မှာ ၄၂˚C ဖြစ်သည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နှေးကွေးသော မြို့နယ်တစ်ခုဖြစ်သည်။ ဒေသခံများသည် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြသည်။ လမ်းပန်းဆက်သွယ်ရေးအသင့်အတင့်ကောင်းမွန်ပါသည်။ အဓိကထွက်ကုန်မှာ ပဲ၊ နှမ်း၊ ဝါတို့ဖြစ်သည်။ သရက်မြို့နယ်မှ တူရကီစစ်သင်္ချိုင်းမှာ ထင်ရှားသည်။

Attractions in သရက်