"ပင်လည်ဘူး"

ပင်လည်ဘူးမြို့နယ်သည် ရပ်ကွက် ၂ ခု၊ ကျေးရွာအုပ်စု ၅၄ စု၊ ကျေးရွာပေါင်း ၂၆၆ ရွာဖြင့် ဖွဲ့စည်းထားပြီး လူဦးရေပေါင်း ၁၂၃၉၄၀ ကျော်နေထိုင်ပါသည်။ မြို့နယ်၏ အကျယ်အဝန်းမှာ ၁၂၆၈၇ စတုရန်းမိုင်ရှိသည်။ အရှေ့မှ အနောက်သို့  ၄၉ မိုင်နှင့် တောင်မှ မြောက်သို့  ၆၅ မိုင်ရှည်းလျား ပါသည်။ ပင်လည်ဘူးမြို့နယ်၏ အရှေ့ဘက်တွင် ဝန်းသိုမြို့နယ်၊ တောင် ဘက်တွင် ကောလင်းမြို့နယ်နှင့် ကျွန်းလှမြို့နယ်၊ အနောက်ဘက်တွင် ဖောင်းပြင်မြို့နယ်၊ မြောက်ဘက်တွင် ဗန်းမောက်မြို့နယ်တို့နှင့် နယ်နိမိတ် ထိစပ်လျက် ရှိပါသည်။

ပင်လည်ဘူးမြို့နယ်သည် ပင်လယ်ရေမျက်နှာပြင်အမြင့် ၉၀၁ ပေအထက်တွင်တည်ရှိပြီး မူးမြစ် ဝဲယာတွင် မြေပြန့်လွင်ပြင်များရှိ၍ တောင်စဉ်တောင်တန်းများ ထူထပ်လျှက်ရှိရာ ထင်ရှားသော တောင်တန်းများမှာ မိုင်းသုန်တောင်၊ ဇီးဖြူတောင်၊ သနွင်းတောင်၊ မှန်တောင်များရှိပါသည်။ မူးမြစ်သည် ဗန်းမောက်မြို့နယ်မှ မြစ်ဖျား ခံ၍ မြို့နယ်နိမိတ်ကို အဆိုပြုလျက် ပင်လည်ဘူးမြို့အနီး မြောက်မှ တောင် သို့ ဖြတ်သန်းစီးဆင်းလျက်ရှိပါသည်။

ဒေသသမိုင်းအကျဉ်း

သက္ကရာဇ် ၈၈၈ ခုနှစ်တွင် မိုးညှင်းဇလုံနယ်စား သိုဟန်ဘွားကို အင်းဝထီးနန်းတင်ခဲ့ပြီး အပြန်တွင် မူးမြစ်အတိုင်း ဆန်တက်ခဲ့ရာ ကြီးမားသော သရက်ဖြူ ပင်ကြီးများပေါက်ရောက်သည့် ကိုင်းကြီးကုန်း ကျေးရွာသို့ ရောက်ရှိလာပြီး ထိုရွာတွင် တပ်ချနားနေစဉ် ဓါတ်တော်များကို ဌာပနာ၍ စေတီငယ်တစ်ဆူကို တည်ခဲ့သည်။ ထိုစေတီကို မိုးဆုတောင်းစေ တည်ဟုခေါ်ထွင်ခဲ့သည်။ မိုးညှင်းဇလုံနယ်စားသည် စေတီတည်ပြီးနောက် မြို့ရွာတည်ရန်နေရာကို လိုက်လံကြည့်ရှုရာ ကိုင်းကွင်းတစ်ခုမှ ကြက်ဖ တစ်ကောင်သည် ထန်းပင်တစ်ဖျားခန့် ကောင်းကင်ယံသို့ပျံတက်သည်ကို တွေ့မြင်ရသည်။ ထိုသို့ကြက်ပျံသည့် နေရာသည် အတိတ်ကောင်းသည်။ နောင်ကာလ၌ ကြက်ပျံမကျ စည်ကားနိုင်သည်ဟု ယူဆ၍ အဆိုပါနေရာ၌ ရွာတည်ခဲ့သည်။ ၎င်းရွာကို ... ပင်ကိုင်ဖလူးဟုခေါ်သည်။ . အဓိပ္ပါယ်မှာ ပင်သည် - ကိုင်း၊ ကိုင်သည် - ကြက်၊ ဖလူးမှာ ပျံသန်းသည်။ ထို့ကြောင့် ပင်ကိုင်ဖလူးသည် ကိုင်းတောမှကြက်ပျံ သောနေရာဟု အဓိပ္ပါယ်ရသည်။ ကာလကြာမြင့်သော် ပင်ကယ်ဖူး၊ ထိုမှရွေ့လျား၍ ပင်လည်ဘူး ဖြစ်လာသည်။

Attractions in ပင်လည်ဘူး