"နမ္မတူ"

နမ္မတူမြို့နယ်သည် အရှေ့မှ အနောက်သို့ ၃၀.၃ မိုင်နှင့် တောင်မှ မြောက်သို့ ၄၃.၆ မိုင်ရှည်လျားပြီး မြို့နယ်ဧရိယာအကျယ်အဝန်း ၆၅၂.၁၁၃ စတုရန်းမိုင်ရှိပါသည်။ နမ္မတူမြို့နယ်၏ မြောက်ဘက်တွင်မန်တုံမြို့နယ်၊ အရှေ့ ဘက်တွင်လားရှိုးမြို့နယ်၊ တောင်ဘက်တွင် သီပေါမြို့နယ်၊ အနောက်ဘက်တွင် နမ့်ဆန်မြို့နယ်တို့နှင့် နယ်နမိတ် ထိစပ်လျက်ရှိပါသည်။

နမ္မတူမြို့နယ်သည် တောင်ကုန်းတောင်တန်းထူထပ်ပေါများပြီး နမ္မတူမြို့နယ်အတွင်း နမ္မတူမြစ်ချောင်းဖြတ်သန်းစီးဆင်းလျက် ရှိပါသည်။

ဒေသသမိုင်းအကျဉ်း

နမ္မတူမြို့နယ်ဖြစ်ပေါ်လာပုံမှာ နမ္မတူမြို့နယ်အစ သတ္တုတွင်းလုပ်ငန်းကဟု ဆိုနိုင်ခဲ့ပါသည်။ ၁၄၁၂ ခုနှစ်မှစ၍ နမ္မတူ-ဘော်တွင်း သတ္တုတွင်းတွင် တရုတ် လူမျိုးများမှ သတ္တုတူးဖော်ထုတ်လုပ်ခြင်း လုပ်ငန်းကို စတင် လုပ်ကိုင်ခဲ့ရာသတ္တု တွင်းလုပ်ငန်းစခန်းအဖြစ်မှ တိုင်းရင်းသား လူမျိုးများ နေအိမ်ပေါ်ပေါ်လာပြီး တစတစဖြင့် ရွာငယ်များမှ ရွာကြီး၊ ရွာကြီးများ မှနမ္မတူမြို့ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ပါသည်။ နမ္မတူမြစ်သည် အရှေ့မှ အနောက် သို့ စီးဆင်း၍မြို့နယ်၏ မြောက်ဘက် ရပ်ကွက်အား ပန်ဟိုက် ဟုသတ်မှတ်၍ သိန္နီစော်ဘွားများ အုပ်ချုပ်ခဲ့ပြီး တောင်ပိုင်းအား နမ္မတူရပ်ကွက်သတ်မှတ်၍ တောင်ပိုင်းစော်ဘွားများမှ နှစ်ပိုင်းခွဲ၍ ၁၉၀၀-၁၉၅၉ အထိအုပ်ချုပ်ခဲ့သည်။ နမ္မတူမြို့နယ်သည် ယခင်ရပ်ကွက် ၂ ရပ်ကွက် နှင့် ကျေးရွာအုပ်စု ၅၃ အုပ်စု ရှိခဲ့ပါသည်၊ ပြည်ထဲရေးဝန်ကြီး ဌာန ၏ (၁၉.၈.၁၉၉၄) ရက်စွဲပါအမိန့် ကြော်ငြာစာအရ နမ္မတူမြို့နယ်အား နမ္မတူမြို့နယ်နှင့် မန်တုံမြို့နယ် အဖြစ်ပြင်ဆင် သတ်မှတ်ခဲ့ရာ ယခုလက်ရှိ နမ္မတူမြို့နယ်တွင် ရပ်ကွက် ၂ ရပ်ကွက်နှင့် ကျေးရွာ အုပ်စု ၂၁ အုပ်စု ပါဝင်ဖွဲ့စည်းထားသည်။

Attractions in နမ္မတူ