"မတူပီ"

မတူပီမြို့ကို ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန၏ (၂၅.၅.၁၉၇၃) ရက်စွဲပါ စာဖြင့် မတူပီမြို့အဖြစ် ဖွဲ့စည်းခဲ့ပါသည်။ မတူပီမြို့နယ်တွင် ရပ်ကွက် ၁၀ ခု၊ ကျေးရွာအုပ်စု ၆၂ စု၊ ကျေးရွာပေါင်း ၁၅၀ ရွာပါဝင်ပြီး လူဦးရေပေါင်း ၅၈၀၀၀ ကျော် နေထိုင်ကြပါသည်။ မတူပီမြို့နယ်သည် အရှေ့မှအနောက်သို့ ၄၇ မိုင်၊ တောင်မှမြောက်သို့ ၆၈ မိုင် ရှည်လျားပြီး ၂၃၁၆.၈၁ စတုရန်းမိုင် ကျယ်ဝန်းပါသည်။ အရှေ့ဘက်တွင် ဂန့်ဂေါမြို့နယ်နှင့် ထီးလင်းမြို့နယ်၊ အရှေ့တောင်ဘက်တွင် မင်းတပ်မြို့နယ်၊ အနောက်ဘက်တွင် ပလက်ဝမြို့နယ်၊ အနောက်မြောက်ဘက်တွင် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ မြောက်ဘက်တွင် ထန်တလန်မြို့နယ်နှင့် ဟားခါးမြို့နယ်တို့ တည်ရှိပါသည်။ မတူပီမြို့နယ်သည် တောင်ကုန်း တောင်တန်းများ ပေါများပြီး သစ်တောများ ဖုံးလွှမ်းလျှက်ရှိသည်။ အမြင့်ဆုံးတောင်မှာ လုံထိန်းတောင် (၈၉၆၁ပေ) ဖြစ်ပြီး အခြားထင်ရှားသော တောင်တန်းများမှာ လုံတိန်းတောင်တန်း၊ အောတရော့တောင်တန်း၊ ကိုင်ဆီးတောင်တန်း၊ ကောင်လောင်တောင်တန်းနှင့် လုံပဲလ်တောင်တန်းတို့ ဖြစ်ပါသည်။ မတူပီမြို့နယ်တွင် မြစ်ချောင်းများ ပေါများပြီး ဘွေနူးချောင်းနှင့် လည်မျိုချောင်းတို့မှာ ထင်ရှားသည်။ မြစ်ချောင်းအများစုမှာ ရေချိုများဖြစ်၍ စိုက်ပျိုးရေ၊ သောက်သုံးရေအဖြစ် အသုံးပြုပါသည်။ မတူပီမြို့နယ်သည် ပင်လယ်ရေ မျက်နှာပြင်အထက် အမြင့်ပေ ၃၅၆၀ ပေ အထက်တွင် တည်ရှိပါသည်။ မတူပီမြို့နယ်သည် အပူလျော့ပိုင်း မုတ်သုံရာသီဥတုဖြစ်ပြီး အနိမ့်ဆုံးအပူချိန်မှာ ၃˚C ဖြစ်သည်။ မတူပီမြို့နယ်သည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးသော မြို့နယ်တစ်ခုဖြစ်ပါသည်။ ဒေသခံများသည် စိုက်ပျိုးရေးနှင့် အခြားဝန်ဆောင်မှု လုပ်ငန်းကို အဓိကလုပ်ကိုင်ကြသည်။ ဒေသခံထွက်ကုန်မှာ ဝဥနှင့် ဂမုန်းတို့ ဖြစ်သည်။ မတူပီမြို့နယ်သည် ကုန်းလမ်းသာရှိပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော မြို့နယ် ဖြစ်ပါသည်။

Attractions in မတူပီ