"ကိုကိုးကျွန်း"

ကိုကိုးကျွန်းမြို့နယ်ကို ၁၉၈၈ ခုနှစ်တွင် ပြည်ထဲရေးဝန်ကြီးဌာန၏ ၁၂.၇.၁၉၉၉ ရက်စွဲပါ အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ အမှတ် ၁ နှင့် အမှတ် ၂ ရပ်ကွက်ဟူ၍ မြို့အဖြစ် သတ်မှတ်ခဲ့ပါသည်။ ကိုကိုးကျွန်းမြို့နယ်သည် တောင်မှမြောက်သို့ ၇ မိုင်ခန့်ရှည်လျား၍ ၁၄.၅၆ စတုရန်းမိုင် ကျယ်ဝန်းပါသည်။ လူဦးရေပေါင်း ၁၁၀၀ ကျော်နေထိုင်ပါသည်။ အရှေ့ဘက်တွင် ကပ္ပလီပင်လယ်၊ ကြွက်ကျွန်း၊ တောင်ဘက်တွင် ကပ္ပလီပင်လယ်၊ ဂျယ်ရီကျွန်းနှင့် အိန္ဒိယပိုင် အက်ဒမန်ကျွန်းစု၊ အနောက်ဘက်တွင် ဘင်္ဂလား ပင်လယ်အော်၊ ကိုကိုးလေးကျွန်း၊ မြောက်ဘက်တွင် ဘင်္ဂလာပင်လယ်အော်၊ စလစ်ပါ(ဖိနပ်)ကျွန်း၊ မင်္ဂလာ(မီးပြ)ကျွန်းတို့ တည်ရှိပါသည်။ ကိုကိုးကျွန်းမြို့၏ မြေနိမ့်လွင်ပြင်များကို အရှေ့မြောက် ကမ်းရိုးတန်းဒေသတွင် တွေ့နိုင်ပြီး တောင်ဘက်ရှိ ကမ်းခြေမှာ အကွေ့အကောက် ပေါများပါသည်။ ရေလှောင်ပမာဏ ၂၄၅ ဧကရှိ ကိုကိုးရေလှောင်တမံမှ ရေကို သောက်သုံးရေ အဖြစ် သုံးစွဲပါသည်။ ကိုကိုးကျွန်းမြို့နယ်သည် ပင်လယ်ရေ မျက်နှာပြင်အထက် ၁၂ ပေအထက်တွင် တည်ရှိပြီး အမြင့်ဆုံး နေရာမှာ ရွှေရင်စို့တောင် (၃၆၆ပေ) ဖြစ်သည်။ ကိုကိုးကျွန်းမြို့နယ်တွင် ပူအိုက်စိုစွတ်သော ရာသီဥတုရှိပြီး အမြင့်ဆုံး အပူချိန်မှာ ၃၆˚C ဖြစ်သည်။ ကိုကိုးကျွန်းမြို့နယ်သည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးပြီး ရေလမ်းခရီးကိုသာ အဓိကအသုံးပြုပါသည်။ ဒေသခံပြည်သူများသည် ရေလုပ်ငန်းကိုသာ လုပ်ကိုင်ကြပါသည်။ ကျွန်းပေါ်တွင် ကန့်သတ်နယ်မြေများနှင့် ဓါတ်ပုံမရိုက်ရသည့် ကန့်သတ်နယ်မြေများ ရှိပြီး ဂျယ်ရီကျွန်း၊ ရွှေရင်စို့တောင်၊ အရှေ့ဘက် လိပ်သောင်၊ အနောက်ဘက် လိပ်သောင်၊ ကြွက်ကျွန်း စသော နေရာများသို့သာ သွားရောက်လေ့လာနိုင်ပါသည်။

Attractions in ကိုကိုးကျွန်း