"မယ်စဲ့"

မယ်စဲ့မြို့နယ်သည် အရှေ့မှ အနောက်သို့ ၁၇ မိုင်နှင့် တောင်မှ မြောက်သို့ ၄၅ မိုင် ရှည်လျားပြီး မြို့နယ်ဧရိယာအကျယ်အဝန်း ၁၀၁၂.၄၃ စတုရန်းမိုင်ကျယ်ဝန်းပါသည်။ မယ်စဲ့မြို့နယ်၏ အရှေ့ဘက်နှင့် တောင်ဘက်တွင် ထိုင်းနိုင်ငံ၊ အနောက်ဘက်တွင် ဖါးဆောင်းမြို့နယ်နှင့် ဘောလခဲမြို့နယ်၊ မြောက်ဘက်တွင် ရှားတောမြို့နယ်တို့နှင့် နယ်နိမိတ် ထိစပ်လျက်ရှိ ပါသည်။

မယ်စဲ့မြို့နယ်သည် တောင်ဘက်တွင် တောင်လှတောင်ကြော ရှိ၍ အများအားဖြင့် တောင်ကုန်းတောင်တန်းများ ပေါများပြီးမြေပြန့် လွင်ပြင် နည်းပါးပါသည်။ ချောင်းများမှာ မယ်ပိုင်ချောင်း၊ မယ်ဖချောင်း၊ မယ်နဲ့ချောင်း၊ ဟွေစပေါ်ချောင်းနှင့် နန်မန်းချောင်းများ ရှိပါသည်။

ဒေသသမိုင်းအကျဉ်း

မယ်စဲ့မြို့နယ်သည် ၁၉၆၂ ခုနှစ်၊ တော်လှန်ရေးကောင်စီ လက်ထက်တွင် မယ်ဆည်နမ်မြို့နယ်အဖြစ်သတ်မှတ်၍ မယ်စဲ့မြို့ပိုင် ရဲစခန်း၊ ကျန်းမာရေးဌာန၊ အခြေခံပညာမူလတန်းကျောင်းအဖြစ်ရှိပြီး ကျေးရွာအုပ်စုများအဖြစ် မယ်ဆည်နမ်ကျေးရွာအုပ်စု၊ မယ်နဲ့ကျေးရွာ အုပ်စု၊ဟိုဂျစ်ကျေးရွာအုပ်စု၊ နန်းမန်းကျေးရွာအုပ်စု၊ ဒေါကဦးကျေးရွာ အုပ်စု၊ သာယာကျေးရွာအုပ်စု၊ ဝမ်လွဲကျေးရွာအုပ်စုများ ပါဝင်ပါ သည်။ ၁၉၇၀ပြည့်နှစ်တွင် ကရင်နီအမျိုသားတိုးတက်ရေးပါတီ (ပြည်ထောင်စု အဆင့်အပစ်အခတ်ရပ်စဲသည့်အဖွဲ့) နယ်မြေတာဝန်ခံ ခေါင်းဆောင် သည့်အဖွဲ့မှ ရဲစခန်းကို တိုက်ခိုက်၍ ဘောလခဲမြို့နယ်အဖြစ် သတ်မှတ် ခဲ့ပါသည်။ ၁၉၈၁၊ ၁၉၈၂ ခုနှစ်တွင် တပ်မတော်မှ ပြန်လည်တိုက်ထုတ် ခဲ့ပြီး မယ်စဲ့ဒေသအား ဖားဆောင်းမြို့နယ်အတွင်းသို့ ထည့်သွင်း ဖွဲ့စည်းခဲ့ပါသည်။ ၁၉၈၈ ခုနှစ်၊ အရေးအခင်းကာလတွင် မယ်စဲ့မြို့နယ် ၌တပ်စွဲထားသည့်အမှတ်(၂၅၀)ခြေလျင်တပ်ရင်း၊ ရဲတပ်ဖွဲ့နှင့် ဝန်ထမ်း များ ရုပ်သိမ်းပြီး နယ်မြေကို လှပ်ထားခဲ့ပါသည်။ ၁၉၈၉ ခုနှစ်တွင် အမှတ်(၁၀၂)ခြေလျင်တပ်ရင်းမှ နယ်မြေကို သိမ်းပိုက်စိုးမိုးခဲ့ပြီး ၁၉၉၀ ပြည့်နှစ်တွင် ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ (၂၄ - ၇ - ၁၉၉၀) ရက်စွဲပါစာအမှတ်၊ ၂/၃၀၀ (၂)အရ မယ်စဲ့မြို့နယ်အဖြစ် သတ်မှတ်ဖွဲ့စည်းခဲ့ပါသည်။ ၎င်းနောက် ပြည်ထဲရေးဝန်ကြီးဌာန၊ နေပြည်တော်၏ (၂၀-၅-၂၀၁၄) ရက်စွဲပါ စာအမှတ်၊ ပထရ/ ၁- ၁(၂၈၈၀)/ ဦး ၁ ဖြင့် မယ်စဲ့မြို့နယ်ကို မြို့ (၁)မြို့၊ ရပ်ကွက်(၂)ကွက်၊ ကျေးရွာအုပ်စု(၄)အုပ်စု၊ ကျေးရွာ(၁၄)ရွာဖြင့် ပြင်ဆင် ဖွဲ့စည်းထားရှိပါသည်။

Attractions in မယ်စဲ့