၁၉၉၃ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့တွင် အဖ ဦးသိန်းစံနှင့် အမိ ဒေါ်မာမာညိုတို့မှ မန္တလေးမြို့၌ မွေးဖွားခဲ့သည်။ မန္တလေးမြို့ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းတွင် ပညာသင်ကြားခဲ့သည် ။ ရတနာပုံတက္ကသိုလ်မှ အင်္ဂလိပ်စာဖြင့် ဘွဲ့ရရှိခဲ့သည်။
၂၀၁၂ ခုနှစ်တွင် ရန်ကုန်သို့ရောက်ရှိခဲ့ပြီး King of Denim 2012 ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ ထိုနှစ်တွင်ပင် MRTV-4 မှ “အချစ်ရဲ့သင်္ကေတ” ရုပ်သံ ဇာတ်လမ်းတွဲရိုက်ရန် သရုပ်ဆောင်အသစ်အဖြစ် ရွေးချယ်ခံခဲ့ရပြီး ထိုဇာတ်လမ်းတွဲတွင် သရုပ်ဆောင် မြတ်သူကျော်၊ စိုးနန္ဒာကျော်၊ ဝင့်ယမုံနိုင်၊ ဆောင်းဝတ်ရည်မေ၊ မေမြင့်မိုရ်တို့နှင့်အတူ ပွဲဦးထွက် ပါဝင်သရုပ်ဆောင်ခဲ့သည်။ ထို့နောက် ဇာတ်လမ်းတွဲများစွာတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။
၂၀၁၉ ခုနှစ်တွင် “ရိုးမပေါ်ကျတဲ့မျက်ရည်” ရုပ်ရှင်ဇာတ်ကားကြီးတွင် ပထမဆုံး ပွဲဦးထွက် ပါဝင်သရုပ်ဆောင်ခဲ့သည်။
ရုပ်သံဇာတ်လမ်းတွဲများ
အချစ်ရဲ့သင်္ကေတ အတွဲ (၁) (၂) (၃)
Happy Beach အတွဲ (၁)
အိမ်နီးချင်း
ရတနာထဲကရတနာ
အမုန်းမှသည်
နှလုံးသားနှင့်အနီးဆုံး
ချစ်ခြင်းတရားတို့ရှိရာ
ပျောက်ဆုံးနေသောအမှန်တရား