"သဲကုန်း"

သဲကုန်းမြို့နယ်သည် ရပ်ကွက် ၁၄ ရပ်ကွက်၊ ကျေးရွာအုပ်စု ၄၉ စု၊ ကျေးရွာပေါင်း ၃၀၆ ရွာဖြင့် ဖွဲ့စည်းထားပြီး လူဦးရေစုစုပေါင်း ၁၃၁၇၇၉ ဦးခန့်နေထိုင်ပါသည်။ မြို့နယ်ဧရိယာအကျယ်အဝန်း ၂၉၉.၈၇ စတုရန်းမိုင်ရှိပါသည်။ သဲကုန်းမြို့နယ်၏ အရှေ့ဘက်တွင် ပေါက်ခေါင်းမြို့နယ်နှင့် ပေါင်းတည်မြို့နယ်၊ အနောက်ဘက်တွင် ရွှေတောင်မြို့နယ်၊ တောင်ဘက်တွင် ပေါင်းတည်မြို့နယ်နှင့် နတ္တလင်းမြို့နယ် ၊ မြောက်ဘက်တွင် ပြည်မြို့နယ်တို့နှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိပါသည်။

သဲကုန်းမြို့နယ်၏ အရှေ့ဘက်နှင့်အနောက်ဘက်တို့တွင် တောင်စွယ် တောင်တန်းများတည်ရှိပြီး အလယ်ပိုင်းတွင် မြေပြန့်လွင်ပြင်များတည်ရှိကာ တောင်ဘက်အနိမ့်ပိုင်းတွင် အင်းမအင်းတည်ရှိပါသည်။ သဲကုန်းမြို့နယ်တွင် ဈေးချောင်း ၊ သဲကုန်းကြီးချောင်းနှင့် ၀က်ပုတ် ချောင်းတို့မှ တောင်မှမြောက်သို့ စီးဆင်းပြီး မြစ်မခချောင်းမှာ မြောက်မှ တောင်သို့ (၆)မိုင်ခန့် ဖြတ်သန်းစီးဆင်းပါသည်။

ဒေသသမိုင်းအကျဉ်း

သဲကုန်းမြို့နယ်မှာ သရေခေတ္တရာပြည်မြို့တွင် ဒွတ္တပေါင်မင်းကြီး လက်ထက် စစ်သူကြီး ( ၇ ) ဦးအား သရေခေတ္တရာနှင့် အရံမြို့နယ်များ တည်ရန်မိန့်ဆိုခဲ့ရာ မဟာစစ်သူကြီး (မိုးကုတ်တိုက်) သည် သဲကုန်းမြို့ ကောလသိင်္ဂစစ်သူကြီး(ကာလသိဂါတိုက်)သည် ကန့်လန့်ကုန်း(ပုတီးကုန်း) စလင်္ကာစစ်သူကြီး (စလင်္ကာသူတိုက်)သည် ဆင်မြီးဆွဲ၊ မဟာဗိုလ်စစ်သူကြီး (မဟာဗိုလ်တိုက်)သည် အင်းမမြို့တို့ကို အရံမြို့များအဖြစ် တည်ခဲ့ရာတွင် မိုးကုတ်တိုက်(တောင်မင်းညို)က စစ်ပြု၍ ပျက်ဆီးခဲ့ရကြောင်းနှင့် အင်္ဂလိပ် အစိုးရလက်ထက် ၁၈၈၇ ခုနှစ်၊ မေလ (၁) ရက်နေ့တွင် ရန်ကုန်-ပြည် မီးရထားလမ်းဖောက်လုပ်ခဲ့ပြီး မီးရထားသွားလာသည့် အချိန်မှစ၍ မြို့ပြ အုပ်ချုပ်ရေးအတွက် မြို့ပိုင်ရုံးစိုက်ချိန်မှ စတင်၍ သဲကုန်း ၊ ပုတီးကုန်း ၊ အင်းမ ၊ဆင်မြီးဆွဲတိုက်နယ်များပါ၀င်သော သဲကုန်းမြို့နယ်ကို သတ်မှတ်ခဲ့ ခြင်းဖြစ်ပါသည်။

Attractions in သဲကုန်း