"ဝေါ"

ဝေါမြို့နယ်သည် အရှေ့ဘက်တွင် ကျိုက်ထိုနှင့်ရွှေကျင်၊ အနောက်ဘက်တွင် ပဲခူး၊ မြောက်ဘက်တွင် ဒိုက်ဦး၊ ညောင်လေးပင်နှင့် တောင်ဘက်တွင် သနပ္ပင်မြို့နယ်တို့နှင့် နယ်နိမိတ်ထိစပ်လျှက်ရှိသည်။ ပြန့်ပြူးသော မြေမျက်နှာ သွင်ပြင်ရှိ၍ မိုးအခါရေလွှမ်းသော မြေနိမ့်ပိုင်းဖြစ်သည်။ မြစ်ချောင်းများပေါများပြီး ဝိုင်ရိုးချောင်းနှင့် ပဲခူးစစ်တောင်း တူးမြောင်းတို့မှာ ထင်ရှားသည်။ မြစ်ချောင်းအများစုမှာ ရေချိုများဖြစ်၍ စိုက်ပျိုးရေ သောက်သုံးရေအတွက် အသုံးပြုနိုင်သည်။ ပဲခူးစစ်တောင်းတူမြောင်းသည် စက်လှေများသွားလာနိုင်၍ ဆက်သွယ်ရေးအတွက် အသုံးဝင်သည်။ ပင်လယ်ရေ မျက်နှာပြင်အထက် (၂၃.၈)ပေတွင်ရှိပြီး ပူအိုက်စွတ်စိုသော ရာသီဥတုရှိကာ အမြင့်ဆုံးအပူချိန်မှာ (၃၉) ဒီဂရီ စင်တီဂရိတ်ရှိသည်။ ဝေါမြို့နယ်၏ ထူးခြားချက်မှာ မြေပြန့်ဒေသဖြစ်၍ တောရိုင်းတိရိစ္ဆာန်များမရှိပါ။ ဝေါမြို့နယ်ကို ရပ်ကွက်(၆)ခု၊ ကျေးရွာအုပ်စု(၅၅)စုနှင့် ကျေးရွာပေါင်း (၁၁၇) ရွာတို့ဖြင့် ဖွဲစည်းထားကာ ဧရိယာစတုရန်းမိုင် (၃၇၆.၇)မိုင် ကျယ်ဝန်း၍ လူဦးရေ(၂၀၀၀၀၀)ကျော် နေထိုင်ပါသည်။

Attractions in ဝေါ