"သန်လျင်"

သန်လျင်မင်းကို အစွဲပြု၍ သန်လျင်မြို့ဟုလည်းကောင်း၊ မွန်အခေါ်သန်လျင်မြို့ကို “ထရောင်း”ဟုခေါ်ပြီး၊ ပေါ်တူဂီဘာသာမှ အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုရာတွင် “Syriam” ဟု ဖြစ်ပေါ်လာခြင်းဖြစ်သည်ဟု သမိုင်းမှတ်တမ်းများအရ သိရှိရပါသည်။ သန်လျင်မြို့ကို ၁၉၀၇ ခုနှစ်တွင် မြို့အဖြစ် သတ်မှတ်ကြောင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ၁၈.၄.၁၉၁၂ ရက်စွဲပါ အမိန့်ကြော်ငြာစာဖြင့် ပြန်တမ်း ထုတ်ပြန်ကြေညာခဲ့ပါသည်။ သန်လျင်မြို့နယ်ကို ရပ်ကွက် ၁၇ ခု၊ ကျေးရွာအုပ်စု ၂၈ စု၊ ကျေးရွာပေါင်း ၅၇ ရွာဖြင့် ဖွဲ့စည်းထားရှိပြီး လူဦးရေပေါင်း ၂၆၀၀၀၀ ကျော် နေထိုင်ပါသည်။ သန်လျင်မြို့နယ်သည် အရှေ့မှအနောက်သို့ ၁၃ မိုင်၊ တောင်မှမြောက်သို့ ၂၄ မိုင်ရှည်လျားပြီး ၁၄၃.၅၆ စတုရန်းမိုင် ကျယ်ဝန်းပါသည်။ အရှေ့ဘက်တွင် သုံးခွမြို့နယ်၊ ခရမ်းမြို့နယ်၊ တောင်ဘက်တွင် ကျောက်တန်းမြို့နယ်၊ အနောက်ဘက်တွင် ရန်ကုန်မြစ်၊ မြောက်ဘက်တွင် ပဲခူးမြစ်တို့ တည်ရှိပါသည်။ သန်လျင်မြို့နယ်သည် မြောက်မှတောင်သို့ တန်းနေသော သန်လျင်-ကျောက်တန်း ကားလမ်း၊ ရေဝေ ကုန်းကြော တည်ရှိပြီး အရှေ့နှင့်အနောက်မှာ မြေပြန့်လွင်ပြင်များ ဖြစ်ပါသည်။ ပဲခူးမြစ်သည် သန်လျင်မှရန်ကုန်သို့ အရှည် ၇ မိုင်၊ ခရမ်းချောင်းမြစ်သည် ပဲခူးမြစ်မှ ပုဂံတောင်ကျေးရွာသို့ အရှည် ၅.၅ မိုင် စီးဆင်းလျှက်ရှိသည်။ သန်လျင်မြို့သည် ပင်လယ်ရေ မျက်နှာပြင်အထက် အမြင့်ပေ ၇၈.၃၉၆ ပေတွင် တည်ရှိပြီး အမြင့်ဆုံးတည်နေရာမှာ မြို့၏တောင်ဘက်ရှိ ဆံတော်ရှင် ကျိုက်ခေါက်စေတီတော် ကုန်းမြေဖြစ်ပါသည်။ သန်လျင်မြို့နယ်သည် ပူအိုက်စွတ်စိုသော ရာသီဥတုရှိပြီး အမြင့်ဆုံးအပူချိန်မှာ ၃၀˚C ဖြစ်ပါသည်။ သန်လျင်မြို့နယ်သည် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်သော မြို့နယ်တစ်ခုဖြစ်သည်။ ဒေသခံပြည်သူများသည် စိုက်ပျိုးရေးကို အဓိက လုပ်ကိုင်ကြပြီး ကုန်ထုတ်ပစ္စည်းများကိုလည်း တင်ပို့ရောင်းချလျှက်ရှိသည်။ သန်လျင်မြို့နယ်မှ ဆံတော်ရှင် ကျိုက်ခေါက် စေတီတော်၊ ပေါ်တူဂီဘုရားရှိခိုးကျောင်း၊ ဝန်ကြီးပဒေသရာဇာဂူတို့မှာ ထင်ရှားပါသည်။

Attractions in သန်လျင်