"ထားဝယ်"

ထားဝယ်မြို့နယ်သည် တောင်ကုန်းတောင်တန်းထူထပ်၍ မြစ်ချောင်းများပေါများကာ မြေပြန့််လွင်ပြင်နဲပါးသော ဒေသတစ်ခု ဖြစ်ပါသည်။ တောင်တန်းများမှာ မြောက်မှတောင်သို့ သွယ်တန်းလျက် မြစ်ချောင်းများမှာလည်း မြောက်မှတောင်သို့ စီးဆင်းကြသည်။ ထားဝယ်မြစ်သည် မြို့အနောက်ဘက်တွင် တည်ရှိ၍ ပေါက်တိုင်းချောင်း၊ ဘမ်းချောင်း၊ ခမောင်းသွယ်ချောင်းဦး၊ ရွှေဂူချောင်းတို့မှာ ထင်ရှားသည်။ ရေအရင်းအမြစ်အများစုမှာ ရေချိုချောင်းများဖြစ်ပြီး စိုက်ပျိုးရေအတွက် အသုံးပြုလျှက်ရှိသည်။ မြောက်ဘက်တွင် ရေဖြူမြို့နယ်၊ တောင်ဘက်တွင် သရက်ချောင်းမြို့နယ်နှင့် အနောက်ဘက်တွင် လောင်လုံးမြို့နယ်တို့နှင့် နယ်နမိတ်ထိစပ်လျက်ရှိသည်။ မြို့နယ်အရှေ့ဘက်ခြမ်းသည် တောတောင် ထူထပ်၍ သတ္တုတွင်းများ တည်ရှိရာဒေသဖြစ်သည်။ ပင်လယ်ရေမျက်နှာပြင်အထက် (၁၁၂)ပေတွင်ရှိပြီး (၂၆၃၆.၁၄) ဧရိယာ စတုရန်းမိုင် ကျယ်ဝန်းသည်။ ပူနွေးစွတ်စိုသည့် ရာသီဥတုရှိပြီး အမြင့်ဆုံးအပူချိန်မှာ (၃၈.၅) ဒီဂရီ စင်တီဂရိတ်ရှိပါသည်။ ထားဝယ်မြို့နယ်ကို မေတ္တာမြို့အပါ ရပ်ကွက်(၁၈)ခု၊ ကျေးရွာအုပ်စု(၂၅)စုနှင့် ကျေးရွာပေါင်း (၁၀၆) ရွာဖြင့် ဖွဲ့စည်းထားပြီး လူဦးရေ (၁၄၀၀၀၀) ကျော် နေထိုင်ကြပါသည်။ ရေလမ်းကုန်းလမ်းများဆုံရာ လမ်းပေါ်တွင် တည်ရှိ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ကာ စီးပွားရေး အချက်အချာကျရာ ဒေသတစ်ခုဖြစ်သည်။ စိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်ကြပြီး ရာဘာ၊ ဆီအုန်း၊ ကွမ်းသီး၊ သီဟိုဠ် ထွက်ကုန်တို့မှာ ထင်ရှားသည်။

Attractions in ထားဝယ်