"လှိုင်"

လှိုင်မြို့နယ်သည် ယခင်က အင်းစိန်ခရိုင်အတွင်းရှိ တိုက်နယ်တစ်ခုဖြစ်ခဲ့ပါသည်။ လှိုင်မြစ်ကို အကြောင်းပြု၍ လှိုင်မြို့နယ်ဟု စတင်ခေါ်တွင်ခြင်းဖြစ်ပါသည်။ ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန၏ (၁၀.၄.၁၉၇၄) ရက်စွဲပါ အမိန့်ကြော်ငြာစာဖြင့် လှိုင်မြို့နယ်အား ရပ်ကွက်ပေါင်း ၁၆ ရပ်ကွက်ဖြင့် ဖွဲ့စည်းခဲ့ပါသည်။ လှိုင်မြို့နယ်တွင် ရပ်ကွက် ၁၆ ခုပါဝင်ပြီး လူဦးရေပေါင်း ၁၂၀၀၀၀ ကျော် နေထိုင်ပါသည်။ လှိုင်မြို့နယ်သည် ဧရိယာစတုရန်းမိုင်ပေါင်း ၅.၂၉ စတုရန်းမိုင် ကျယ်ဝန်းပါသည်။ အရှေ့ဘက်နှင့် မြောက်ဘက်တွင် မရမ်းကုန်းမြို့နယ်၊ တောင်ဘက်တွင် ကမာရွတ်မြို့နယ်၊ အနောက်ဘက်တွင် လှိုင်မြစ်နှင့် လှိုင်သာယာမြို့နယ်တို့ တည်ရှိပါသည်။ အင်းယားကန်နှင့် နယ်နိမိတ် ထိစပ်မှုမှာ ၁.၃၁ မိုင် ဖြစ်ပါသည်။ လှိုင်မြစ်သည် မြို့နယ်၏ အနောက်ဘက်တွင် တည်ရှိပါသည်။ မြောက်ဘက်တွင် သမိုင်းချောင်းနှင့် တောင်ဘက်တွင် တံတားဖြူချောင်းတို့သည် အရှေ့မှအနောက်သို့ စီးဆင်းကြပြီး လှိုင်မြစ်အတွင်းသို့ စီးဝင်ကြပါသည်။ လှိုင်မြို့နယ်သည် ပင်လယ်ရေ မျက်နှာပြင်အထက် အမြင့်ပေ ၃၆ ပေအထက်တွင် တည်ရှိပါသည်။ လှိုင်မြို့နယ်တွင် ပူအိုက် စိုစွတ်သော ရာသီဥတုရှိပြီး အမြင့်ဆုံးအပူချိန်မှာ ၄၀ ဒီဂရီစင်တီဂရိတ်ဖြစ်သည်။ လှိုင်မြို့နယ်သည် စီးပွားရေး အချက်အချာကျပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ရှိသော မြို့နယ်တစ်ခုဖြစ်သည်။ ဒေသခံပြည်သူများသည် ဝန်ဆောင်မှုလုပ်ငန်းနှင့် ကုန်ထုတ်လုပ်ငန်း (အနည်းငယ်) ကို လုပ်ကိုင်ကြသည်။ MICT Park သည် ကွန်ပျူတာဝန်ဆောင်မှုလုပ်ငန်းဖြင့် ထင်ရှားပါသည်။

Attractions in လှိုင်