"ကြို့ပင်ကောက်"

ကြို့ပင်ကောက်မြို့နယ်သည် ရပ်ကွက် ၁၀ ခု၊ ကျေးရွာအုပ်စု ၄၉ စု၊ ကျေးရွာပေါင်း ၂၇၇ ရွာဖြင့် ဖွဲ့စည်းထားပြီး လူဦးရေပေါင်း ၁၂၃၂၂၉ ကျော် နေထိုင်ပါသည်။ ကြို့ပင်ကောက်မြို့နယ်သည် အရှေ့မှ အနောက်သို့ ၃၃ မိုင်ရှိပြီး တောင်မှ မြောက်သို့ ၈.၃ မိုင် ရှည်လျား ပါသည်။ ကြို့ပင်ကောက်မြို့နယ်၏ အရှေ့ဘက်တွင် ကျောက်တံခါး မြို့နယ်၊ တောင်ဘက်တွင် အုတ်ဖို မြို့နယ်၊ အနောက်ဘက်တွင် မိုးညိုမြို့နယ်၊ မြောက်ဘက်တွင် ဇီးကုန်းမြို့နယ်တို့နှင့် နယ်နိမိတ်ထိစပ်လျက် ရှိပါသည်။  ရန်ကုန်-ပြည်ကား လမ်းနှင့် မီးရထားလမ်းတို့ယှဉ်လျက် မြို့နယ်၏ အနောက်ဘက်သုံးပုံ တစ်ပုံခန့် အပိုင်းမှစ၍ တောင်မှ မြောက်သို့ ဖြတ်သန်းလျက် ရှိပါသည်။ ကြို့ပင်ကောက်မြို့နယ်သည် မြစ်ချောင်းများနည်းပါးသည့် ဒေသတစ်ခုဖြစ်ပြီး မြစ်ချောင်းများသည် အရှေ့မြောက်မှ အနောက် တောင်သို့ စီးဆင်းလျက် ရှိပါသည်။ ထင်ရှားသော ချောင်းမှာ မြို့လည် ချောင်းဖြစ်ပြီး ကြို့ပင်ကောက်မြို့ အနီးမှ ဖြတ်၍ အရှေ့မှ အနောက် သို့ စီးဆင်းသည်။

ဒေသသမိုင်းအကျဉ်း

ကြို့ပင်ကောက်မြို့နယ်ကို ၁၈၈၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။ ကြို့ပင်ကောက်မြို့ဟု ပေါ်ပေါက်လာပုံမှာ သာယာ၀တီမြို့ဟောင်း၏ အနောက်ဘက် ၉ မိုင်အကွာ သိုးပို့ရိုး၏ တောင်ဘက်သည် လှည်းဆိပ်လှေဆိပ် အဖြစ် ခရီးသွားကုန်သည်တို့ စခန်းချရာအရပ်ဖြစ်ပြီး သိုးပို့ရိုးမှရေ သည် အနောက်ဘက်ရှိ မြစ်မခချောင်းသို့ စီးဝင်ရာ သာယာဝတီမင်း များအတွက် သိုးများ သယ်ဆောင်ရာတွင် အသုံးပြုသော ရိုးဖြစ် သဖြင့် သိုးပို့ရိုးဟု အမည်တွင်ခဲ့ပါသည်။ အညာအရပ်မှ ကုန်သည်များ သည် လှည်း၊ လှေတို့ဖြင့် သယ်ယူရောင်းဝယ်ဖောက်ကားရန် အလယ်ဗဟိုနေရာဖြစ်သဖြင့် သွားလာဆုံဆည်းမှု လွယ်ကူပါသည်။ ထိုနေရာတွင် လွန်စွာကြီးမားပြီး ကောက်နေသော ကြို့ပင်အကောက် ကြီး တစ်ပင်ရှိသဖြင့် ၄င်းနေရာကို အစွဲပြု၍ ကြို့ပင်ကောက်ဟု ခေါ်တွင်ခဲ့သည်။ ကြို့ပင်ကောက်မြို့နယ်သည် သာယာဝတီခရိုင်အတွင်း ၈ မြို့နယ် အနက် တစ်မြို့အပါအဝင်ဖြစ်ပါသည်။

Attractions in ကြို့ပင်ကောက်