စိန်ပါတီ (၁၉၁၀ - ၁၉၇၀)

Listing Description

ဟင်္သာတမြို့တွင် အဖ နှဲဆရာကြီး ဦးဘိုးသန့်၊ အမိ ဒေါ်မယ်ရီတို့မှ (၁၂၇၃)ခုနှစ်၊ ဝါဆိုလတွင် ဖွားမြင်သည်။ ငယ်အမည် မစံဖြစ်ပြီး မွေးချင်းနှစ်ဦးရှိသည်။ အကိုဖြစ်သူမှာ ပတ်တီးဆရာ မောင်လှသောင်းဖြစ်သည်။

ရန်ကုန်တွင် ဆရာရွှေတိုင်ညွန့်နှင့် တွေ့ဆုံခဲ့ပြီး ရွှေတိုင်ညွန့်က  စိန်ပါတီဟူသော အမည်သစ်ကို ယူစေသည်။

ထိုနောက်တွင် ကိုလံဘီယာဓာတ်ပြားကုမ္မဏီတွင် စိန်ပါတီအမည်ဖြင့် သီချင်းများကို စဆိုခဲ့သည်။ ဖောင်စကြာ၊ မင်းယောက်ျား၊ သီတာသောင် စသည့် သီချင်းများဖြစ်သည်။

စတားရုပ်ရှင်ရုံ၊ ဘုရင်ရုံစသော ရုပ်ရှင်ရုံများတွင်ပြသသည့် အသံတိတ်ရုပ်ရှင်ဇာတ်ကားများ၌လည်း ဇာတ်ဝင်သီချင်း၊ ဇာတ်ပို့သီချင်းများကို သီဆိုခဲ့သည်။

လွတ်လပ်ရေးရပြီးနောက်တွင် လွတ်လပ်ရေးဓာတ်ပြား ကုမ္ပဏီ၌ သီချင်းများသီဆိုခဲ့သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ယဉ်ကျေးမှုအဖွဲ့ဝင်တစ်ဦးအဖြစ် သွားရောက်ခွင့်ရခဲ့သည်။ ထိုနောက် ရန်ကုန်မြို့ကံဘဲဆရာအတတ်သင်သိပ္ပံတွင် ဂီတသုခုမဌာနမှူး၊ ဂီတကထိကအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

(၁၃၃၂)ခုနှစ် ပြာသိုလဆန်း(၄)ရက် (၁၉၇ဝပြည့်နှစ်၊ ဒီဇင်ဘာလ(၃၁)ရက်) ကြာသပတေးနေ့ညဉ့်တွင် နှလုံးရောဂါဖြင့် အနိစ္စရောက်ခဲ့သည်။ ဒေါ်စိန်ပါတီ၏ခင်ပွန်းဖြစ်သူ ဦးဘသက်မှာလည်း ဂီတပညာရှင်တစ်ဦး ဖြစ်သည်။