"မြစ်သား"

မြစ်သားမြို့နယ်သည် ရပ်ကွက် ၁၁ ခု၊ ကျေးရွာအုပ်စု ၈၁ စု၊ ကျေးရွာပေါင်း ၂၂၅ ရွာဖြင့် ဖွဲ့စည်းထားပြီး လူဦးရေပေါင်း ၁၉၇၈၉၈ ကျော်နေထိုင်ပါသည်။ မြို့နယ်ဧရိယာအကျယ်အဝန်း ၃၄၂.၆၃ စတုရန်းမိုင်ရှိပါသည်။ မြစ်သားမြို့နယ်၏ မြောက်ဘက်တွင် ကျောက်ဆည်မြို့နယ် အနောက်ဘက်တွင် နွားထိုးကြီးမြို့နယ်၊ အနောက်မြောက်ဘက်တွင် တံတားဦးမြို့နယ်၊ အနောက်တောင်ဘက်တွင် ဝမ်းတွင်းမြို့နယ်၊ အရှေ့ဘက်တွင် ရှမ်းပြည်နယ်၊ ရွာငံမြို့နယ်များဖြင့် ဆက်စပ်လျက်ရှိသော မြို့နယ် တစ်မြို့နယ် ဖြစ်ပါသည်။

မြစ်သားမြို့နယ်သည် ညီညာပြန့်ပြူးသော မြေမျက်နှာပြင် အနေအထား ရှိပါသည်။ ထင်ရှားသော တောင်ကုန်း တောင်တန်းများ အနေဖြင့် ပြက္ခလွေတောင်၊ ပလ္လင်ဂူတောင်၊ ရွှေမင်းဝံတောင် နှင့် မုန်တောင်တို့ တည်ရှိပါသည်။ မြို့နယ်အတွင်း ထင်ရှားသောမြစ်မှာ ပန်းလောင်မြစ် ဖြစ်၍ မြစ်သားမြို့အနီးမှ ဖြတ်၍ အရှေ့မှအနောက်သို့ စီးဆင်းပြီး တံတားဦးမြို့နယ် ဒုဋ္ဌဝတီမြစ် အတွင်းသို့ စီးဝင်ပါသည်။ စမုံမြစ်သည် မြို့နယ်အတွင်း ဖြတ်သန်း၍တောင်မှ မြောက်သို့လည်းကောင်း၊ ထုံးကြီး ချောင်းသည် မြို့နယ်အတွင်းရှိ ကျေးရွာများသို့ ဖြတ်သန်းပြီး အရှေ့မှ အနောက်သို့လည်းကောင်း စီးဆင်းလျက် ရှိပါသည်။

ဒေသသမိုင်းအကျဉ်း

မြစ်သားမြို့နယ်၏ အမည်ကိုပုဂံခေတ် အနော်ရထာမင်းက သမုတ် ခဲ့ကြောင်း သိရပါသည်။ မြစ်သားမြို့နယ်တည်နေရာဒေသကို အနော်ရထာ မင်း မတိုင်မီရှေ့ကပင်လူနေထိုင်မှုရှိခဲ့ပြီး လယ်တွင်း ၁၁ ခရိုင်ဟု ခေါ်ဝေါ်ခဲ့ ကြောင်း သိရပါသည်။ ပုဂံခေတ်ရှေးမင်းများ လက်ထက်က မြို့နယ်အမည် ကိုမွစ်သာဟု ခေါ်ဝေါ်ခဲ့ပါသည်။ တငြိမ့်ငြိမ့်စီးဆင်းလျက်ရှိသော ပန်းလောင် မြစ်ကမ်းကို အမှီပြု၍ တည်ထားခြင်းကြောင့် “သာယာသည့် မြို့ဆိပ်ကမ်း” အနေဖြင့် ရည်ညွှန်းခဲ့ပါကြောင်း တွေ့ရှိရပါသည်။ အနော်ရထာမင်းသည် ပန်းလောင်မြစ်နှင့် ဇော်ဂျီမြစ်ကို အခြေခံ၍ နွားတက်ဆည်၊ ကွမ်းဆေး ဆည်၊ ငပြောင်ဆည်၊ ကင်းတားဆည်၊ ငနိုင်ဆည်၊ ပြောင်းပြာဆည်၊ ကျီး မည်းဆည်များကိုတည်ဆောက်ပြီး လယ်ယာ ၈ သိန်းပြုစုခဲ့ရာ ပန်းလောင် မြစ်တွင် နောက်ဆုံးတည် ဆောက်ခဲ့သော ကျီးမည်းဆည် တည်ဆောက် မည့် နေရာကို လက်ဆန့်တန်းညွှန်ပြ၍ မြစ်ကိုသားပြသည် ကိုအစွဲပြု၍ “ မြစ်သား”ဟု အမည်တွင်ခဲ့ကြောင်း သိရှိရပါသည်။ မြစ်သားမြို့နယ်သည် ပြည်ထဲရေးနှင့်သာသနာရေးဝန်ကြီးဌာန၏ (၃၁-၈-၇၂)ရက်စွဲပါ စာအမှတ်၊ ၁၀၃/၄၂/စိတ်(၁)ဖြင့် ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာနှင့် ကျေးရွာအုပ်စု များသည် ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန၏ (၁၆- ၆- ၁၉၇၃) ရက်စွဲပါ စာအမှတ်၊ ၃/ ၅၅/ အထ(၂) ဖြင့် ထုတ်ပြန်သည့် အမိန့်ကြော်ငြာ စာဖြင့် ဖွဲ့စည်းထား ရှိပါသည်။

Attractions in မြစ်သား