"ပူတာအို"

ပူတာအိုမြို့နယ်ကို ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာဖြင့် ဖွဲ့စည်းခဲ့ပါသည်။ ပူတာအိုမြို့နယ်သည် အရှေ့မှအနောက်သို့ ၃၅ မိုင်၊ တောင်မှမြောက်သို့ ၆၈ မိုင်ရှည်လျားပြီး ၂၁၀၅.၄၆ စတုရန်းမိုင် ကျယ်ဝန်းပါသည်။ ပူတာအိုမြို့နယ်၏ အရှေ့ဘက်တွင် မချမ်းဘော့မြို့နယ်၊ တောင်ဘက်တွင် ဆွမ်ပရာဘွမ်မြို့နယ်၊ အနောက်ဘက်တွင် တနိုင်းမြို့နယ်၊ မြောက်ဘက်တွင် အိန္ဒိယနိုင်ငံတို့ တည်ရှိပါသည်။ ပူတာအိုမြို့နယ်သည် ပင်လယ်ရေ မျက်နှာပြင်အထက် အမြင့်ပေ ၁၄၂၉ ပေ အထက်တွင် တည်ရှိပါသည်။ တောင်စွယ်တောင်တန်းများ၊ လျှိုမြောင်စိမ့်စမ်းများ၊ တောင်ကျချောင်းများ စီးဆင်းလျှက်ရှိပြီး ချောင်းငယ်မြောင်းငယ်များ အလွန်ထူထပ်ပေါများပါသည်။ နမ့်ပလပ်ချောင်းသည် အနောက်မှတောင်သို့ စီးဆင်းပြီး မလိခမြစ်နှင့် ပေါင်းစုံပါသည်။ မြောက်မှတောင်သို့ စီးဆင်းလျှက်ရှိသော မလိခမြစ်သည် တန်ဖွန်ကျေးရွာတွင် မေခမြစ်နှင့် ပေါင်းစုံကာ ဧရာဝတီမြစ်အဖြစ် စီးဆင်းပါသည်။ ပူတာအိုမြို့နယ်သည် ပင်လယ်ရေ မျက်နှာပြင်အထက် ပျမ်းမျှအမြင့် ၁၄၂၉ ပေအထက်တွင် တည်ရှိပါသည်။ အမြင့်ဆုံးတောင်မှာ ဖုန်ကန်ရာဇီတောင် (၁၁၅၀၀ ပေ) ဖြစ်သည်။ ပူတာအိုမြို့နယ်သည် မိုးများ၍ အေးသော ရာသီဥတုရှိပြီး အမြင့်ဆုံးအပူချိန်မှာ ၃၇.၂˚C ဖြစ်သည်။ ပူတာအိုမြို့နယ်တွင် ရပ်ကွက် ၁၁ ခု၊ ကျေးရွာအုပ်စု ၁၄ စု၊ ကျေးရွာပေါင်း ၁၀၁ ရွာ ပါဝင်ပြီး လူဦးရေပေါင်း ၆၃၀၀၀ ကျော် နေထိုင်ပါသည်။ ပူတာအိုမြို့နယ်သည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးသော မြို့နယ်ဖြစ်သည်။ ဒေသခံ ပြည်သူများသည် စိုက်ပျိုးရေးကို အဓိက လုပ်ကိုင်ကြသည်။ ပူတာအိုမြို့နယ်သည် ကုန်းလမ်းနှင့် လေကြောင်းလမ်းကိုသာ အသုံးပြုနိုင်ပါသည်။ အဓိကထွက်ကုန်မှာ ဆန်စပါးဖြစ်ပါသည်။

Attractions in ပူတာအို