"မြစ်ကြီးနား"

မြစ်ကြီးနားမြို့ကို (၁၈၈၄) ခုနှစ်တွင် တောခုတ်ရှင်းလင်း၍ မြေကွက်ရိုက် ဆောင်ရွက်ခဲ့ရာ (၁၈၈၅)ခုနှစ် နိုဝင်ဘာတွင် ပြီးစီးခဲ့ပြီး အရေးပိုင်(ခရိုင်ဝန်) ရုံးစိုက်ရာ မြို့အဖြစ် စတင် တည်ထောင်ခဲ့ပါသည်။ မြစ်ကြီးနားမြို့နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသော မြိုနယ်များမှာ အရှေ့ဘက်တွင် အင်ဂျန်းရန်၊ ဝိုင်းမော်၊ တောင်ဘက်တွင် မိုးမောက်၊ ဗန်းမော်၊ ရွှေကူနှင့် အနောက်ဘက် မိုးညှင်း၊ မိုးကောင်း၊ တနိုင်း၊ ကာမိုင်း၊ မြောက်ဘက်တွင် ဆွန်ပရာဘွန်တို့ ဖြစ်ကြပါသည်။ ပင်လယ်ရေ မျက်နှာပြင် အထက်ပျမ်းမျှ (၄၇၆)ပေရှိ၍ အနိမ့်ဆုံး အပူချိန်မှာ (၇.၃စင်တီဂရိတ်) ဖြစ်ပါသည်။ မြစ်ကြီးနားမြို့နယ်ကို ဆင်ဘိုမြို့အပါ ရပ်ကွက်(၃၁)ခု၊ ကျေးရွာအုပ်စု (၂၉) နှင့် ကျေးရွာ (၅၈) ဖြင့် ဖွဲ့စည်းထားပြီး လူဦးရေ (၂၄၀၀၀၀)ကျော် ရှိသည်။ ထင်ရှားသော မြစ်ချောင်းများမှာ ဧရာဝတီမြစ်၊ မလိခမြစ်နှင့် နန်းကွေ့ချောင်းတို့ဖြစ်ပြီး ဒေသတွင်းရှိ ရေအရင်းအမြစ်များမှာ ရေချိုများဖြစ်၍ စိုက်ပျိုးရေ သောက်သုံးရေ အဖြစ် အသုံးပြုနိုင်သည်။

Attractions in မြစ်ကြီးနား