"သိန္နီ"

သန္နီမြို့နယ်သည် ရပ်ကွက် ၄ ရပ်ကွက်၊ ကျေးရွာအုပ်စု ၃၂ စု၊ ကျေးရွာပေါင်း ၁၈၅ ရွာဖြင့် ဖွဲ့စည်းထားပြီး လူဦးရေစုစုပေါင်း ၅၅၉၃၈ ဦးခန့်နေထိုင်ပါသည်။ မြို့နယ်ဧရိယာအကျယ်အဝန်း ၄၇၂.၉၀ စတုရန်းမိုင်ရှိပါသည်။ သိန္နီမြို့နယ်၏အရှေ့ဘက်တွင်ကွမ်းလုံမြို့နယ်၊တောင်ဘက်တွင် လားရှိုးမြို့နယ်နှင့် ထိစပ်လျက်ရှိပါသည်။ အနောက်ဘက်တွင် နမ္မတူမြို့နယ်တို့နှင့် ထိစပ်လျက်ရှိပြီး မြောက်ဘက်တွင် ကွတ်ခိုင်မြို့နယ်တို့နှင့် နယ်နိမိတ်ထိစပ်လျက်ရှိပါသည်။

သိန္နီမြို့နယ်သည် ရှမ်းကုန်းပြင်မြင့်တွင် တည်ရှိပြီး တောင်ပေါ်မြေပြန့်လွင်ပြင် ဖြစ်သောကြောင့် မြို့နယ်အရှေ့ဘက်နှင့်မြောက်ဘက်ရှိ တောင်တန်းများကြားတွင် မြေပြန့် လွင်ပြင်များတည်ရှိပြီး ကျန်ဒေသများတွင် လျှိုမြောင်ကမ်းပါးများ၊ တောင်များတည်ရှိပါသည်။ မြို့နယ်တွင်း အဓိကစီးဆင်းလျက်ရှိသော ချောင်းများမှာ နမ္မတူချောင်း၊ နမ့်လီ၊ နမ့်ပန်နှင့် နမ့်စလပ်ချောင်းတို့ ဖြတ်သန်းစီးဆင်းပါသည်။ နမ္မတူချောင်းအတွင်းသို့ စီးဝင်သော ချောင်းလက်တက် ပေါင်း ၂၇ ချောင်းရှိပြီး နမ္မတူချောင်းနှင့် ချောင်းလက်တက်များမှ စီးဝင်ရေနှင့်မိုးရေ၊ ကန်(၃)ကန်၊ အင်း(၁)၊ ဆည်(၁၇)ခုတို့အား စိုက်ပျိုးရေအဖြစ် အသုံးပြုနိုင်ပြီး တောင်ကျချောင်း၊ တွင်းရေများကို သောက်သုံးရေအဖြစ် အသုံးပြုနိုင်သည်။ သိန္နီမြို့နယ်သည် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့် ၂၁၀၀ ပေ တွင် တည်ရှိပါသည်။

ဒေသသမိုင်းအကျဉ်း

သိန္နီမြို့နယ်သည် မြန်မာသက္ကရာဇ် ၃၁၉ ခုနှစ်တွင် စပ်ရှိန်ဖ၏သားတော် စပ်ဖဖိုင်ခမ်းမှ စတင်တည်ထောင်ခဲ့ပြီး မြန်မာသက္ကရာဇ် ၁၂၄၃ ခုနှစ်တွင် ထပ်မံတည်ထားခဲ့ပါသည်။ မြို့၏ အမည်အရင်းမှာ ဝိန်းကျဲဖြစ်ပါသည်။ ရှေးယခင်က ဘုရားပွဲကျင်းပရာတွင် ငှက်ပျောသီး အဖီးတစ်သိန်း လှူဒါန်းရာမှ သျှင်ဝီဟု ခေါ်ဆိုခဲ့ပြီးနောက်တွင် သိန္နီဟု အမည်ရွေ့လျား လာကြောင်း၊ စော်ဘွားသားစဉ်မြေးဆက် နှစ်ပေါင်း(၁၀၀)တိုင် စိုးစံခဲ့ကြောင်း၊ တော်လှန်ရေးကောင်စီ တက်ပြီးနောက် စော်ဘွားများ အာဏာစွန့်ချိန်အထိ သိန္နီမြို့နယ်အား စော်ဘွားကြီး စဝ်ဟုန်ဖမှ အုပ်ချုပ်ခဲ့ပါသည်။

Attractions in သိန္နီ