"မြောက်ဦး"

၁၉၇၈ ခုနှစ်တွင် ပြည်ထဲရေးဝန်ကြီးဌာန၏ ၁၅.၉.၁၉၇၈ ရက်စွဲပါ စာဖြင့် မြို့ဟောင်းမြို့မှ မြောက်ဦးမြို့ဟု ပြန်လည် မှည့်ခေါ်ခဲ့ပါသည်။ မြောက်ဦးမြို့နယ်တွင် ရပ်ကွက် ၇ ခု၊ ကျေးရွာအုပ်စု ၉၆ စု၊ ကျေးရွာပေါင်း ၂၄၈ ရွာပါဝင်ပြီး လူဦးရေပေါင်း ၂၄၀၀၀၀ ကျော် နေထိုင်ပါသည်။ မြောက်ဦးမြို့နယ်သည် အရှေ့မှအနောက်သို့ ၁၅.၀၃ မိုင်၊ တောင်မှမြောက်သို့ ၃၀ မိုင်ရှည်လျားပြီး ၄၉၀.၉၇ စတုရန်းမိုင် ကျယ်ဝန်းပါသည်။ ပင်လယ်ရေ မျက်မှာပြင်အထက် အမြင့်ပေ ၂၇ ပေ အထက်တွင် တည်ရှိပါသည်။ မြောက်ဦးမြို့နယ်သည် အရှေ့ဘက်တွင် မင်းပြားမြို့နယ်၊ အနောက်ဘက်တွင် ပုဏ္ဏားကျွန်းမြို့နယ်နှင့် ကျောက်တော်မြို့နယ်၊ တောင်ဘက်တွင် ပေါက်တောမြို့နယ်၊ မြောက်ဘက်တွင် ကျောက်တော်မြို့နယ်နှင့် ပလက်ဝမြို့နယ်တို့ တည်ရှိပါသည်။ မြောက်ဦးမြို့နယ်၏ ၆၈% မှာ မြစ်ဝှမ်းမြေနိမ့်လွင်ပြင်များ ဖြစ်ပြီး ၃၂% မှာ တောင်ကုန်းတောင်တန်းများ ဖြစ်သည်။ မြောက်ဦးမြို့နယ်တွင် မြစ်ချောင်း၊ အင်းအိုင်များ ပေါများပြီး လေးမြို့မြစ်၊ သရီချောင်း၊ ရမ်းချောင်း၊ ကြက်ကျမြစ်များသည် မြောက်မှတောင်သို့ စီးဆင်းလျှက်ရှိသည်။ အမြင့်ဆုံးတောင်မှာ လေသာတောင် (၄၅၀ပေ) ဖြစ်သည်။ မြောက်ဦးမြို့နယ်သည် ပူအိုက်စွတ်စိုသော ရာသီဥတုရှိပြီး အမြင့်ဆုံးအပူချိန်မှာ ၄၁.၅˚C ဖြစ်သည်။ မြောက်ဦးမြို့နယ်သည် စီးပွားရေးအချက်အချာကျပြီး စီးပွားရေး အသင့်အတင့် ဖွံ့ဖြိုးပါသည်။ ဒေသခံပြည်သူများသည် စိုက်ပျိုးရေးနှင့် ဝန်ဆောင်မှုလုပ်ငန်းကို အဓိကလုပ်ကိုင်ကြသည်။ မြောက်ဦးမြို့နယ်သည် ကုန်းလမ်း၊ ရေလမ်းများ ဆုံရာတွင် တည်ရှိသဖြင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ပါသည်။ မြို့နယ်၏ အဓိကထွက်ကုန်မှာ ဆန်စပါးဖြစ်သည်။ မြောက်ဦးမြို့နယ်မှ သျှစ်သောင်းပုထိုးတော်ကြီးနှင့် ကိုးသောင်းပုထိုးတော်ကြီးတို့မှာ အထူးထင်ရှားပါသည်။

Attractions in မြောက်ဦး