"ဒီမော့ဆိုး"

ဒီးမော့ဆိုမြို့နယ်တွင် ရပ်ကွက် ၁၊ ကျေးရွာအုပ်စု ၂၅၊ ကျေးရွာပေါင်း ၁၇၃ ရွာပါဝင်ပြီး စုစုပေါင်းလူဦးရေမှာ ၈၇၀၀၀ ကျော်နေထိုင်ကြသည်။ ဒီးမော့ဆိုမြို့နယ်သည် အရှေ့မှအနောက်သို့ ၃၁ မိုင်၊ တောင်မှမြောက်သို့ ၃၅ မိုင်ရှည်လျားပါသည်။ ဒီးမော့ဆိုမြို့နယ်သည် ၄၅၉.၆၉ စတုရန်းမိုင် ကျယ်ဝန်းပါသည်။ အရှေ့ဘက်နှင့် မြောက်ဘက်တွင် လွိုင်ကော်မြို့နယ်၊ တောင်ဘက်တွင် ဖရူဆိုမြို့နယ်၊ ဘောလခဲမြို့နယ်၊ အနောက်ဘက်တွင် ဖယ်ခုံမြို့နယ်တို့နှင့် နယ်နိမိတ် ထိစပ်လျက်ရှိသည်။ တောင်ကုန်း တောင်တန်းနှင့် မြစ်ချောင်းများ ပေါများပြီး သစ်တောများ ဖုံးလွှမ်းလျက်ရှိသည်။ နန်းစံဖူးချောင်းသည် အနောက်မှတောင်၊ နန်းမယ်ခုံချောင်းနှင့် ဆင်တောင်ချောင်းသည် အနောက်မှအရှေ့၊ ငွေတောင်ချောင်းသည် အနောက်မှ မြောက်သို့ စီးဆင်းလျက် ရှိသည်။ ပင်လယ်ရေမျက်နှာပြင်အထက် ပျမ်းမျှအမြင့် ၂၉၈၂ပေ အထက်တွင် တည်ရှိသည်။ အေးမြစိုစွတ်သော ရာသီဥတုရှိပြီး အမြင့်ဆုံးအပူချိန်မှာ ၃၆.၈ ˚C ဖြစ်သည်။ စီးပွားရေးအချက်အချာကြသော မြို့နယ်တစ်ခု ဖြစ်သည်။ ဒေသခံပြည်သူများသည် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြသည်။ ကုန်းလမ်းကြောင်း လမ်းမပေါ်တွင် တည်ရှိ၍ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သည်။ အဓိကထွက်ကုန်မှာ ဆန်စပါး၊ ပြောင်း၊ မြေပဲနှင့် အခြားသီးနှံများ ဖြစ်ကြသည်။ ဒီးမော့ဆိုမြို့နယ်မှ ထီးပွင့်ကန်နှင့် ငွေတောင်ဆည်မှာ အထူးထင်ရှားသည်။

Attractions in ဒီမော့ဆိုး