"ကျွန်းစု"

ကျွန်းစုမြို့နယ်ကို ကျွန်းပေါင်း(၂၀၁)ကျွန်းဖြင့် ဖွဲစည်းထားကာ (၁၁၂)ကျွန်းတွင် လူများနေထိုင်ကြပြီး အကြီးဆုံးဖြစ်သော ကတန်ကျွန်းတွင် ကျွန်းစုမြို့တည်ရှိပါသည်။ မြေပြန့်နဲပါး၍ တောင်ကုန်းတောင်တန်းများပေါများကာ ပင်လယ်ရေ မျက်နှာပြင်အထက် (၄၆၀)ပေတွင် ရှိသည်။ အရှေ့ဘက်တွင် မြိတ်နှင့်တနင်္သာရီမြို့နယ်၊ တောင်ဘက်တွင် ဘုတ်ပြင်းနှင့် အနောက်ဘက်တွင် ကပ္ပလီပင်လယ်၊ မြောက်ဘက်တွင် ပုလောမြို့နယ်တို့နှင့် နယ်နိမိတ် ထိစပ်လျှက်ရှိသည်။ ရေအရင်းအမြစ်များကို ရေတံခွန်စိမ့်စမ်းများနှင့် မြေအောက်ရေမှရရှိသည်။ ပူအိုက်စွတ်စိုသော ရာသီဥတုရှိ၍ အမြင့်ဆုံး အပူချိန်မှာ (၃၅) ဒီဂရီစင်တီဂရိတ်ဖြစ်သည်။ မြို့နယ်တွင်း ကြိုးဝိုင်းတော(၂)ခု၊ ကြိုးပြင်ကာကွယ်တော(၄)ကို ထိမ်းသိမ်းလျှက်ရှိသည်။ ကျွန်းစုမြို့နယ်ကို ရပ်ကွက် (၄)ခု၊ ကျေးရွာအုပ်စု (၂၀)၊ ကျေးရွာပေါင်း (၁၈၇)ရွာတို့ဖြင့် ဖွဲ့စည်းထားပြီး ဧရိယာစတုရန်းမိုင် ၁၈၃၈.၄၈ မိုင် ကျယ်ဝန်းကာ လူဦးရေ ၁၇၀၀၀၀ ကျော် နေထိုင်ကြပါသည်။ ဒေသခံများမှာ ရေလုပ်ငန်းနှင့် ဥယျာဉ်ခြံ လုပ်ငန်းကို လုပ်ကိုင်ကြပြီး ရေကြောင်းလမ်းဖြင့်သာ သွားလာနိုင်သော ဒေသဖြစ်သည်။

Attractions in ကျွန်းစု