"ရွှေတောင်"

ရွှေတောင်မြို့သည် တောင်ကုန်းတောင်တန်းနှင့်မြစ်ချောင်းများ ပေါများသော ဒေသတစ်ခုဖြစ်သည်။ ဧရာဝတီမြစ်သည် မြို့အနောက်ဘက်မှ (၁၇)မိုင်အရှည် စီးဆင်းလျှက်ရှိပြီး ကုလားချောင်းသည် အရှေ့မှအနောက်သို့ စီးဆင်းလျှက် ဧရာဝတီမြစ်ထဲသို့ စီးဝင်သည်။ ပင်လယ်ရေမျက်နှာပြင်အထက် (၁၅၀) ပေရှိပြီး ထင်ရှားသော တောင်တန်းများမှာ ပြည်တောင်တန်း၊ ရွှေနတ်တောင်၊ စားကြင်းတောင်၊ နွားသိုးတောင်တို့ ဖြစ်ကြသည်။ အရှေ့ဘက်တွင် သဲကုန်းမြို့နယ်၊ တောင်ဘက်တွင် မိုးညိုမြို့နယ်၊ နတ္တလင်းမြို့နယ်၊ အနောက်ဘက်တွင် ပန်တောင်းမြို့နယ်၊ မြောက်ဘက်တွင် ပြည်မြို့နယ်တို့နှင့် နယ်နိမိတ်ထိစပ်လျှက်ရှိသည်။ ရွှေတောင်မြို့နယ်ကို ရပ်ကွက်(၃)ခု၊ ကျေးရွာအုပ်စု(၄၈)နှင့် ကျေးရွာပေါင်း (၂၉၇)ရွာတို့ဖြင့် ဖွဲ့စည်းထားကာ ဧရိယာစတုရန်းမိုင် (၂၈၃.၉၄)ကျယ်ဝန်းပြီး လူဦးရေ(၁၃၀၀၀၀)ကျော် နေထိုင်ကြသည်။ စိုစွတ်သော အပူပိုင်းဇုံရာသီဥတုနှင့် ခြောက်သွေ့သော အပူပိုင်းဇုံရာသီဥတုကြား တည်ရှိပြီး ဆာဘားနား ရာသီဥတုဖြစ်ပါသည်။ အမြင့်ဆုံး အပူချိန်မှာ (၃၇)ဒီဂရီ စင်တီဂရိတ်ဖြစ်သည်။ စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြပြီး ယက္ကန်းလုပ်ငန်းများလည်းရှိသည်။ ကုန်းလမ်းရေလမ်းများဖြင့် သွားလာနိုင်၍ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သော မြို့နယ်တစ်ခုဖြစ်ပါသည်။ အဓိကထွက်ကုန်မှာ ဆန်စပါးဖြစ်သည်။

Attractions in ရွှေတောင်