"အောင်လံ"

အောင်လံမြို့နယ်သည် ရပ်ကွက် ၉ ရပ်ကွက်၊ ကျေးရွာအုပ်စု ၉၁ စု၊ ကျေးရွာပေါင်း ၂၄၇ ရွာဖြင့် ဖွဲ့စည်းထားပြီး လူဦးရေစုစုပေါင်း ၂၄၀၈၁၀ ဦးခန့်နေထိုင်ပါသည်။ မြို့နယ်ဧရိယာအကျယ်အဝန်း ၁၀၃၃.၆၄၉ စတုရန်းမိုင်ရှိပါသည်။ အောင်လံမြို့နယ်သည် အရှေ့ဘက် ရမည်းသင်းခရိုင်၊ တောင်ငူခရိုင်၊ အနောက်ဘက်တွင် သရက်မြို့နယ်၊ ကံမမြို့နယ်၊ တောင်ဘက်တွင် ပြည်မြို့နယ်၊ ပေါက်ခေါင်းမြို့နယ်၊ ဆင်ပေါင်ဝဲမြို့နယ်တို့ဖြင့် နယ်နိမိတ် ထိစပ်လျက်တည်ရှိပါသည်။

အောင်လံမြို့နယ်သည် မြေပြန့်လွင်ပြင်အနေအထားဖြစ်ပြီး မြောက်ဘက်တွင် တောင်ကုန်းအနည်းငယ်ရှိပါသည်။ သစ်တောကြိုးဝိုင်း ဧရိယာများလည်း တည်ရှိပါသည်။ အရှေ့ဘက်တွင် ပဲခူးရိုးမတောင်တန်းကြီးသည် တောင်မှမြောက်သို့ သွယ်တန်းလျက်ရှိပါသည်။

အောင်လံမြို့နယ်တွင် ဧရာဝတီမြစ်သည် မြောက်မှတောင်သို့ ဖြတ်သန်းစီးဆင်းပြီး ၃၉ မိုင်ရှည်လျားပါသည်။ ဘွတ်ကြီးချောင်းသည် အရှေ့မှ အနောက်သို့ ဧရာဝတီမြစ်အတွင်းသို့ စီးဝင်ပြီး (၄၀)မိုင် ရှည်လျားပါသည်။ ပဒဲချောင်းသည် အရှေ့မှ အနောက်သို့ ဧရာဝတီမြစ်အတွင်းသို့ စီးဝင်ပြီး (၉)မိုင် ရှည်လျားပါသည်။ ကြေးနီချောင်းသည် အရှေ့မှ အနောက်သို့ ဧရာဝတီမြစ်အတွင်း စီးဝင်ပြီး (၂၆)မိုင် ရှည်လျားပါသည်။

ဒေသ သမိုင်းအကျဉ်း

အောင်လံမြို့နယ်သည် အာလံမြို့၊ မြေထဲမြို့၊ အောင်လံမြို့ ဟုသုံးမည်ရခဲ့သော မြို့ တစ်မြို့ဖြစ် ပါသည်။ မြန်မာသက္ကရာဇ် ၁၁၈၉ ခုနှစ်တွင် မြေထဲမြို့ဝန် ဦးပိုမှ မြေထဲမြို့ကို စတင်တည်ထောင်ခဲ့ပါသည်။ ၁၁၈၇ ခုနှစ်တွင် တရော်ကုန်းကျေးရွာအား တပ်မြို့အဖြစ်ဖွဲ့စည်းတည်ထောင်ခဲ့သည့် မေဂျာအာလံကို အစွဲပြု၍ အာလံမြို့ဟုခေါ်တွင် ခဲ့ပါသည်။ ယင်နောက် ပြည်ထဲရေးဝန်ကြီးဌာန၏ (၁-၁၀-၁၉၅၈) ရက်စွဲပါ အမိန့် ကြော်ငြာစာ (၈၂၀) အရ အောင်လံမြို့ဟုခေါ်တွင်ခဲ့ပါသည်။ ယင်းနောက် ပြည်ထဲရေးနှင့်သာသနာရေး ဝန်ကြီးဌာန၏ (၁၀-၇-၁၉၈၅) ရက်စွဲပါစာအမှတ်၊ ၂/ ၁၃၀/ အထ(၂) ဖြင့် ထုတ်ပြန်သည့် အမိန်ကြော်ငြာစာအရ မြေထဲမြို့ဟုခေါ်တွင်ခဲ့ပါသည်။ (၇-၂-၁၉၉၅) ရက်နေ့တွင် ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန၏ စာအမှတ်၊ ၂ /၁၃၀/အထ(၂)ဖြင့် ထုတ်ပြန်သည့် အမိန့်ကြော် ငြာစာ ပြင်ဆင်ချက်ဖြင့် အောင်လံမြို့ဟု ခေါ်တွင်ခဲ့ပါသည်။

Attractions in အောင်လံ