"လွိုင်လင်"

လွိုင်လင်မြို့နယ်တွင် လွိုင်လင်မြို့နှင့် ပင်လုံမြို့တို့ ပါဝင်သည်။ လွိုင်လင်မြို့နယ်ကို ရပ်ကွက် ၈ ခု၊ ကျေးရွာအုပ်စု ၁၉ စု၊ ကျေးရွာပေါင်း ၃၀၅ ရွာဖြင့် ဖွဲ့စည်းထားပြီး လူဦးရေပေါင်း ၁၂၀၀၀၀ ကျော် နေထိုင်ပါသည်။ လွိုင်လင်မြို့နယ်သည် ပင်လယ်ရေ မျက်မှာပြင်အထက် အမြင့်ပေ ၄၄၄၇ ပေ အထက်တွင် တည်ရှိပါသည်။ လွိုင်လင်မြို့သည် အရှေ့မှအနောက်သို့ ၁၉ မိုင်၊ တောင်မှမြောက်သို့ ၂၄ မိုင် ရှည်လျားပြီး ၅၀၁.၆၁ စတုရန်းမိုင် ကျယ်ဝန်းပါသည်။ အရှေ့ဘက်တွင် နမ့်စန်မြို့နယ်၊ တောင်ဘက်တွင် မောက်မယ်မြို့နယ်၊ အနောက်ဘက်တွင် ဟိုပုံးမြို့နယ်၊ မြောက်ဘက်တွင် လဲချားမြို့နယ်တို့ တည်ရှိသည်။ လွိုင်လင်မြို့နယ်သည် တောင်ကုန်း၊ တောင်တန်း ပေါများသည်။ လွယ်ချယ်တောင်၊ လွယ်နန်းတောင်၊ ပန်းလျှမ်းတောင်၊ လွိုင်လင်တောင်တို့မှာ ထင်ရှားပြီး တောင်မြောက် သွယ်တန်းလျှက်ရှိသည်။ ထင်ရှားသောချောင်းမှာ ပွန်ချောင်းဖြစ်ပြီး မြောက်မှတောင်သို့ စီးဆင်းပါသည်။ ပူအိုက် စွတ်စိုသော ရာသီဥတုရှိပြီး အမြင့်ဆုံးအပူချိန်မှာ ၃၆˚C ဖြစ်သည်။ လွိုင်လင်မြို့နယ်သည် စီးပွားရေး အချက်အချာကျပြီး စီးပွားရေး အသင့်အတင့်ဖွံ့ဖြိုးသော မြို့နယ်တစ်ခု ဖြစ်သည်။ ဒေသခံ ပြည်သူများသည် စိုက်ပျိုးရေးကို အဓိက လုပ်ကိုင်ကြသည်။ ကုန်းလမ်းကိုသာ အသုံးပြုနိုင်ပြီး တောင်ကြီး-ကျိုင်းတုံ လမ်းမ ပေါ်တွင်တည်ရှိ၍ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ပါသည်။ အဓိကထွက်ကုန်မှာ လက်ဖက်နှင့် သနပ်ဖက်သီးနှံဖြစ်သည်။ လွိုင်လင်မြို့ရှိ ထင်ရှားသော ပုဂ္ဂိုလ်မှာ မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်း ဖြစ်ပါသည်။

Attractions in လွိုင်လင်