"ဘုတ်ပြင်း"

ဘုတ်ပြင်းမြို့နယ်သည် ရပ်ကွက် ၂ ခု၊ ကျေးရွာအုပ်စု ၂၀ စု၊ ကျေးရွာပေါင်း ၁၄၂ ရွာဖြင့် ဖွဲ့စည်းထားပြီး လူဦးရေပေါင်း ၈၁၅၅၇ ကျော်နေထိုင်ပါသည်။ မြို့နယ်ဧရိယာအကျယ်အဝန်း ၁၃.၄၃ စတုရန်းမိုင်ရှိပါသည်။ ဘုတ်ပြင်းမြို့နယ်၏ အရှေ့ဘက်တွင်ယိုးဒယားနိုင်ငံ၊ တောင်ဘက် တွင် ကော့သောင်းမြို့နယ်နှင့် ထိစပ်လျက်ရှိပါသည်။ အနောက်ဘက်တွင် ကပ္ပလီပင်လယ်တို့နှင့် ထိစပ်လျက်ရှိပြီး မြောက်ဘက်တွင် တနင်္သာရီမြို့နယ်တို့နှင့် နယ်နိမိတ်ထိစပ်လျက်ရှိပါသည်။ မြစ်ချောင်းများပေါများသည့် ဒေသတစ်ခုဖြစ်ပြီး ထင်ရှားသည့်မြစ်ချောင်းများမှာ ဘုတ်ပြင်းချောင်းမကြီး၊ လေညာမြစ်၊ ရေချိုချောင်း၊ မဟဲချောင်းတို့ဖြစ်ပါသည်။ ဘုတ်ပြင်းချောင်းမကြီး၊ လေညာမြစ်၊ မဟဲချောင်း၊ ရေချိုချောင်းတို့သည် သင်္ဘော/စက်လှေများလည်းသွားလာနိုင်သောမြစ်ချောင်းများဖြစ်ပါသည်။ မြို့နယ်အတွင်း အမြင့်ဆုံးတောင်မှာ ကျောက်ညှပ်တောင်ဖြစ်၍ပင်လယ် ရေမျက်နှာပြင်အထက် ၁၄၁၉ ပေဖြစ်ပြီး အနိမ့်ဆုံးအရပ်ဒေသမှာ ပင်လယ်ကမ်းခြေဖြစ်ပါသည်။

မြန်မာသက္ကရာဇ် ၁၈၉၃ ခုနှစ်၊ တနင်္သာရီမြို့ကို အုပ်ချုပ်နေသော မြန်မာမင်း မင်းကျောက်ဖွားမြသာစံကို ယိုးဒယားမင်းမှတိုက်ခိုက် သိမ်းယူသောကြောင့် ဘုတ်ပြင်းမြို့နယ်သည် ထိုင်းတို့၏ လက်အောက်သို့ ကျရောက်ခဲ့ပြီး အလောင်းမင်းတရားကြီးသည် ယိုးဒယားတို့ကိုပြန်လည် တိုက်ခိုက်ခဲ့ရာအောင်မြင်ခဲ့၍ . မြန်မာတို့ပိုင်ဆိုင်သောနယ်မြေအဖြစ် ပြန်လည်ရောက်ရှိခဲ့ပါသည် အင်္ဂလိပ်-မြန်မာပထမ စစ်ပွဲပြီးသောအခါ အင်္ဂလိပ်လက်အောက်သို့ ကျရောက်ခဲ့ပြီး သူကြီးအဆင့်ဆင့် အုပ်ချုပ်ခဲ့ရာမှ ၁၉၀၉ ခုနှစ်မှစ၍ မြို့ပိုင်ဦးမောင်မောင်ဆိုသူက အုပ်ချုပ်သည်။ ၁၉၄၁ ခုနှစ်တွင် မြို့ပိုင်ဦးပါအောင် အုပ်ချုပ်နေစဉ်ဂျပန်များ ဝင်ရောက် တိုက်ခိုက်၍ မြို့စောင့်ပုလိပ်များ လက်နက်ချလိုက်သည်။ ဘုတ်ပြင်းမြို့ အား .ပြန်လည်တိုက်ခိုက်ရန် မေဂျာလပ်(ဖ်)ဦးစီး အင်အား ၁၀၀ ခန့် ရေကြောင်းမှ ဝင်ရောက်တိုက်ခိုက်သဖြင့် ဂျပန်များဆုတ်ခွာသွားပါသည်။

ဘုတ်ပြင်းမြို့နယ်အား နယ်ချဲ့ဗြိတိသျှအစိုးရသည် မြို့ပိုင် ဦးပါအောင်အား ဆက်လက်အုပ်ချုပ်စေခဲ့သည်။ လူများလည်းပြန်လည် နေထိုင်ခဲ့ကြသည်။ ၁၉၄၂ ခုနှစ်တွင် ဗမာ့လွတ်လပ်ရေးတပ်မတော်မှ ဗိုလ်ရန်နိုင် ဦးစီးသောတပ် ဝင်ရောက်လာသောအခါမြို့ပိုင်၊ စစ်ဘက်နယ် ဘက်မှပုဂ္ဂိုလ်များထွက်ပြေးကြသည်။ မြို့မှာလည်းအုပ်ချုပ်ရေးကင်းမဲ့နေပါသည်။ ထို့နောက်ဖက်ဆစ်ဂျပန်မြို့အုပ် ဦးအောင်အောင်နှင့်ပုလိပ်များ ရောက်ရှိအုပ်ချုပ်ခဲ့သည်။ ၁၉၅၂ ခုနှစ်တွင် ဘုတ်ပြင်းမြို့သို့ ကရင်များ ဝင်ရောက်တိုက်ခိုက်ရာ မြိတ်မြို့မှစစ်အကူ ရောက်ရှိလာသဖြင့် ကရင် သူပုန်များ ထွက်ပြေးကြပါသည်။ ကရင်သူပုန်များနှင့်အတူ ရှမ်းပသျှူး လူဆိုးများလည်းပါဝင်ခဲ့ကြသည်။ မြို့ကိုမြို့ပိုင်အဆင့်ဆင့်မှ တော်လှန် ရေးကောင်စီတက်သည့်အချိန်ထိအုပ်ချုပ်ခဲ့ပါသည်။

Attractions in ဘုတ်ပြင်း