"ပြည်"

ပြည်မြို့နယ်သည် ဧရာဝတီမြစ်၏ အရှေ့ဘက်ကမ်းတွင် တည်ရှိကာ အရှေ့နှင့်တောင်ဘက်တွင် ပဲခူးရိုးမတောင်စွယ် တောင်တန်းများရှိပြီး အလယ်ပိုင်းတွင် ပြန့်ပြူးသည်။ ဧရာဝတီမြစ်သည် မြို့နယ်အတွင်း မြောက်မှတောင်သို့ (၁၃)မိုင် ရှည်လျားစီးဆင်းပါသည်။ နဝင်းချောင်းမှာ အရှေ့မြောက်မှ အနောက်တောင်ဘက်၊ လော့သော့ချောင်း၊ ကင်းချောင်း၊ ဇလုံချောင်းတို့မှာ အရှေ့မှအနောက်ဘက် ဧရာဝတီမြစ်အတွင်းသို့ စီးဆင်းသည်။ အရှေ့ဘက်တွင် ပေါက်ခေါင်း၊ တောင်ဘက်တွင် ရွှေတောင်၊ အနောက်ဘက်တွင် ဧရာဝတီမြစ်နှင့် မြောက်ဘက်တွင် အောင်လံတို့မှာ နယ်နိမိတ် ထိစပ်နေသော ဒေသများဖြစ်ကြသည်။ ပင်လယ်ရေမျက်နှာပြင် ပျမ်းမျှ (၁၀၃.၀၆) ပေ အထက်တွင်ရှိကာ အမြင့်ဆုံးတောင်မှာ အောင်မြင်ဗာဟုတောင် (၅၀၀ပေခန့်) ဖြစ်သည်။ ပူအိုက်စိုစွတ်သော ရာသီဥတုရှိပြီး အမြင့်ဆုံး အပူချိန်မှာ (၁၂.၀၉) ဒီဂရီ စင်တီဂရိတ်ဖြစ်သည်။ ကုန်းလမ်း၊ ရေလမ်းတို့ဖြင့် သွားလာနိုင်သော လမ်းကြောင်းဆုံရာမြို့ဖြစ်၍ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သောမြို့ ဖြစ်ပါသည်။ ပြည်မြို့နယ်ကို ပေါင်းတလည်မြို့ အပါ ရပ်ကွက် (၁၄) ခု၊ ကျေးရွာအုပ်စု (၅၅) စု၊ ကျေးရွာပေါင်း (၂၅၉) ရွာဖြင့် ဖွဲစည်းထားကာ မြို့နယ်အတွင်း လူ (၂၂၀၀၀၀) ကျော် နေထိုင်ကြပါသည်။

ပြည်မြို့နယ်နှင့်သက်ဆိုင်သောသတင်းများ

Attractions in ပြည်