"ဖလမ်း"

ဖလမ်းမြို့နယ်ကို ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန၏ ၁၉၇၃ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်နေ့ ရက်စွဲပါ စာဖြင့် ဖွဲ့စည်းထားရှိပါသည်။ ဖလမ်းမြို့နယ်တွင် ရပ်ကွက် ၁၄ ခု၊ ကျေးရွာအုပ်စု ၈၄ စု၊ ကျေးရွာပေါင်း ၁၇၀ ရွာ ပါဝင်ပြီး လူဦးရေပေါင်း ၅၅၀၀၀ ကျော် နေထိုင်ပါသည်။ ဖလမ်းမြို့နယ်သည် အရှေ့မှအနောက်သို့ ၄၀ မိုင်၊ တောင်မှမြောက်သို့ ၂၅ မိုင်ရှည်လျားပြီး ၉၈၈.၉ စတုရန်းမိုင် ကျယ်ဝန်းပါသည်။ အရှေ့ဘက်တွင် ကလေးမြို့နယ်၊ တောင်ဘက်တွင် ဟားခါးမြို့နယ်၊ အနောက်ဘက်တွင် ထန်တလန်မြို့နယ်နှင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်၊ မြောက်ဘက်တွင် တီးတိန်မြို့နယ်တို့ တည်ရှိပါသည်။ ဖလမ်းမြို့နယ်သည် ပေ ၃၀၀၀ မှ ပေ ၈၀၀၀ ကျော် မြင့်သည့် တောင်တန်းတောင်စွယ်များနှင့် ယင်းတို့အကြား (V) ပုံစံကဲ့သို့ မတ်စောက်သော ချိုင့်ဝှမ်းများ တည်ရှိပါသည်။ မဏိပူရမြစ်သည် ဖလမ်းမြို့ မြောက်ဖျားပိုင်းမှ စီးဆင်းလားပြီး မြစ်သာမြစ် ထဲသို့ စီးဝင်သည်။ ဖလမ်းမြို့နယ်သည် ပင်လယ်ရေ မျက်နှာပြင်အထက် အမြင့်ပေ ၅၂၈၀ ပေ အထက်တွင် တည်ရှိပါသည်။ ဖလမ်းမြို့နယ်သည် သမပိုင်းဇုံရာသီဥတုရှိပြီး အနိမ့်ဆုံးအပူချိန်မှာ ၂.၈˚C ဖြစ်ပါသည်။ ဖလမ်းမြို့နယ်သည် စီးပွားရေး အသင့်အတင့် ဖွံ့ဖြိုးသော မြို့နယ်တစ်ခု ဖြစ်ပါသည်။ ဒေသခံပြည်သူများသည် စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများကို အဓိက လုပ်ကိုင်ကြပါသည်။ ဖလမ်းမြို့နယ်မှ အသည်းပုံသဏ္ဍာန် ရိဒ်ရေကန်သည် သွားရောက် လည်ပတ်ရန် အထူးသင့်လျော်ပါသည်။

Attractions in ဖလမ်း