"ဖရူးဆိုး"

ဖရူဆိုမြို့နယ်ကို ရပ်ကွက် ၅၊ ကျေးရွာအုပ်စု ၁၄၊ ကျေးရွာပေါင်း ၁၁၄ ရွာဖြင့်ဖွဲ့စည်းထားပြီး စုစုပေါင်း လူဦးရေမှာ ၃၁၀၀၀ ကျော် ဖြစ်သည်။ ဖရူဆိုမြို့နယ်သည် အရှေ့မှအနောက်သို့ ၆၄ မိုင်၊ တောင်မှမြောက်သို့ ၇၈ မိုင် ရှည်လျားသည်။ ဧရိယာစတုရန်းမိုင်မှာ ၆၄၂.၉၁ စတုရန်းမိုင်ဖြစ်သည်။ ဖရူဆိုမြို့နယ်၏အရှေ့ဘက်တွင် ဒီးမော့ဆိုမြို့နယ်၊ ဘောလခဲမြို့နယ်၊ တောင်ဘက်တွင် ဖားဆောင်း မြို့နယ်၊ အနောက်ဘက်တွင် သံတောင်မြို့နယ်နှင့် ဖယ်ခုံမြို့နယ်၊ မြောက်ဘက်တွင် ဒီးမော့ဆိုမြို့နယ်တို့နှင့် နယ်နိမိတ် ထိစပ်လျက်ရှိသည်။ တောတောင်ထူထပ်ပြီး ပင်လယ်ရေမျက်နှာပြင်အထက် ၂၉၈၂ ပေအထက်တွင် တည်ရှိသည်။ ထင်ရှားသောတောင်မှာ ခေါသမောတောင် (၆၆၈၃ပေ) ဖြစ်သည်။ မြစ်ချောင်းများနည်းပါးပြီး မြစ်ချောင်းများသည် မြောက်မှ တောင်သို့ စီးဆင်းသည်။ ထူးချောင်းမှာ ထင်ရှားပြီး ဘောလခဲမြို့နယ်ရှိ ပွန်ချောင်းသို့ စီးဆင်းသည်။ အပူအအေးမျှတသော ရာသီဥတုရှိပြီး အမြင့်ဆုံးအပူချိန်မှာ ၃၅ ˚C ဖြစ်သည်။ စီးပွားရေး တိုးတက်မှု နှေးကွေးသော မြို့နယ်တစ်ခု ဖြစ်သည်။ ဒေသခံပြည်သူများသည် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြသည်။ ကုန်းလမ်းဆုံရာ လမ်းမပေါ်တွင် တည်ရှိ၍ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ပါသည်။ အဓိကထွက်ကုန်မှာ မြေပဲ၊ အစေ့ထုတ်ပြောင်းတို့ ဖြစ်သည်။

Attractions in ဖရူးဆိုး