"ပုလဲ"

ပုလဲမြို့နယ်သည် ရပ်ကွက် ၂ ခု၊ ကျေးရွာအုပ်စု ၅၉ စု၊ ကျေးရွာပေါင်း ၁၈၉ ရွာဖြင့် ဖွဲ့စည်းထားပြီး လူဦးရေပေါင်း ၁၆၃၇၅၀ ကျော်နေထိုင်ပါသည်။ မြို့နယ်သည် အရှေ့မှအနောက်သို့  ၃၁  မိုင်နှင့် တောင်မှမြောက်သို့  ၁၉ မိုင်ရှည်လျားပါသည်။ ပုလဲမြို့နယ်သည် မြောက်ဘက်တွင် ကနီမြို့နယ်နှင့် ယင်းမာပင် မြို့နယ် ၊ အရှေ့ဘက်တွင် ဆားလင်းကြီး မြို့နယ် တောင်ဘက်တွင် မြိုင်မြို့နယ် ၊ အနောက်ဘက်တွင် ဂန့်ဂေါမြို့ နယ်တို့နှင့် နယ်နိမိတ်များ ဆက်စပ်လျက်ရှိပါသည်။

ပုလဲမြို့နယ်တွင် မြေပြန့်ပိုင်းနှင့် တောင်တန်းဒေသပိုင်း တို့ ပိုင်းခြား ဖြစ်ပေါ်နေပြီး မြေပြန့်ပိုင်းမှာ မြို့နယ်၏ အရှေ့ပိုင်းတွင် အနောက်ပိုင်းတွင် တောင်တန်းဒေသပိုင်းတို့ တည်ရှိပါသည်။ မြစ်ချောင်းများ နည်းပါးသည့် ဒေသ တစ်ခုဖြစ်ပြီး ထင်ရှားသော ချောင်းမှာ ရွှေဥဒေါင်းချောင်းနှင့် တာမခံချောင်းတို့ဖြစ်ပြီး ပုလဲမြို့အနီးမှ ဖြတ်၍ အနောက်မှ အရှေ့သို့ စီးဆင်းပါသည်။ မြို့နယ်အတွင်း အမြင့်ဆုံး တောင်မှာ ပုံတောင်ဖြစ်၍ အမြင့်ပေ ၄၃၇၈ ရှိပါသည်။

ဒေသသမိုင်းအကျဉ်း

ပုလဲမြို့နယ်သည် ဗန့်ကျီတိုက်နယ်အတွင်း ပါဝင်ပြီး မြန်မာဘုရင်များလက်ထက်က သာမန်ရွာကလေးမျှသာ တည်ရှိခဲ့ပါသည်။ ၁၈၈၅ ခုနှစ် မြန်မာတစ်နိုင်ငံလုံး အင်္ဂလိပ် လက်အောက် ကျရောက်ခဲ့ပြီးနောက် ဗန့်ကျီ တိုက်နယ်လည်း ပါဝင်ခဲ့ပါသည်။ ၉ နှစ်အကြာတွင် ၁၈၉၄ ခုနှစ်၊ အောက်ချင်းတွင်းခရိုင်ဖွဲ့စည်းဆောင်ရွက်ရာ ပုလဲမြို့နယ်အဖြစ် စတင် ဖြစ်ပေါ်လာသည်။ အရှေ့ ဘက်တွင် ဆားလင်းကြီးမြို့နယ် ၊ မြောက်ဘက်တွင် ယင်းမာပင် မြို့နယ် နှင့် ကနီမြို့နယ် ၊ အနောက်ဘက်ကို အောက်ချင်းတွင်း ခရိုင်အဖြစ် သတ်မှတ်ခဲ့ပါသည်။ ထိုစဉ်က ဧရိယာ အကျယ်အဝန်းမှာ စတုရန်းမိုင် ၄၅၈ သာရှိပါသည်။ လွတ်လပ်ရေးရပြီး မြို့ပိုင်ရုံး ဖွင့်လှစ်၍အုပ်ချုပ်ရေးကိစ္စများ ဆောင်ရွက်ခဲ့ပါသည်။ ပြည်ထဲရေးနှင့် သာသနာရေး ဝန်ကြီးဌာန (အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန) ၏ (၂၈-၇-၇၂) နေ့စွဲပါအမိန့်ကြော်ငြာစာအမှတ် ၊ ၀၀၃ / ၁၄ / စိတ် . အရ ၁၉၀၇ ခုနှစ် မြို့ပြ အက်ဥပဒေ ပုဒ်မ (၄) အရ မြို့နယ်အဖြစ် သတ်မှတ်ခဲ့ပါသည်။

Attractions in ပုလဲ