မြို့ရွှေကျောင်းတိုက်

Listing Description

မြို့ရွှေကျောင်းတိုက်သည် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့၊ အမှတ် (၅)၊ ကျုံးတွင်းရပ်တွင် တည်ရှိပြီး မြို့ရှေ့ကျောင်းတိုက်ဟုလည်း ခေါ်ကြပါသည်။ ကျောင်းဝန်းထဲတွင် အုတ်ကျောင်းကြီးနှင့် ကုန်းဘောင်ခေတ်လက်ရာ သစ်သားဘုန်းတော်ကြီးကျောင်း တွဲလျက်တည်ရှိသည်။ ကုန်းဘောင်ခေတ် သစ်သားဘုန်းတော်ကြီးကျောင်းမှာ အနည်းငယ် ယိုယွင်းပျက်စီးလျက်ရှိသော်လည်း ရှေးမူမပျက်လေ့လာတွေ့ရှိနိုင်ပါသည်။ ကျောင်းဆောင်နှစ်ခု၏ အနောက်ဘက်တွင် စကျင်ဗုဒ္ဓရုပ်ပွားတော် သုံးဆူနှင့် ရှေးဟောင်းစေတီအချို့ကို ဖူးမြော်မြင်တွေ့နိုင်ပါသည်။